ပါတီစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများရှင်းလင်း

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် ဦးတင့်လှိုင်နှင့် ဌာနစုမှူးဦးခင်မောင်ရင်တို့သည် သြဂုတ် ၂ဝရက် မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ကော်မတီဝင်များ၊ ကျိုင်းတုံခရိုင်နှင့်ခရိုင်အတွင်းရှိ မြို့နယ်များမှ ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ပါတီ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခဲ့စဉ်။

SE

Read more

ပြည်သူတို့အခက်အခဲကြုံတွေ့မှုရှိမရှိ ပြည်သူ့အသံနားထောင်ရန် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးတွင်ပြောကြား

နတ်မောက် သြဂုတ် ၂ဝ

မကွေးတိုင်းဒေသကြီး မကွေး ခရိုင် နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယနေ့နံနက် ၁ဝ နာရီ ကမြို့နယ်ကော်မတီဝင်များအစည်း အဝေးကျင်းပခဲ့ကြောင်းသိရသည်။
မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော် လတ်မိုးက အဖွင့်အမှာစကားပြော ကြားခဲ့ရာ ပါတီဝင်များအနေဖြင့် ပြည်သူတို့၏အခက်အခဲ ကြုံတွေ့ နေမှုရှိမရှိ ပြည်သူတို့၏အသံများ သိစေဖို့ ပြည်သူနှင့်အတူ ပူးပေါင်း ပါဝင်လုပ်ကိုင်ပေးကြပါရန် မိမိတို့ တတ်နိုင်သည်များကို ကူညီပေး ကြရန် ပြောကြားခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီဟာ ဘယ်အချိန်ပဲရောက်ရောက် အမျိုးသားအကျိုးစီးပွားအတွက်ကို ရှေ့တန်းကရပ်ဆောင်ရွက်နေတဲ့ပါတီအမျိုးသားရေးကိုသစ္စာမဖောက်ဟု ပါတီဗဟိုအလုပ်အမှုဆောင်ပြောကြား

 

ပဲခူး သြဂုတ် ၂ဝ

ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တွဲဖက်တာဝန်ခံဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညီညီမြင့်နှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခရိုင်ကော်မတီဝင်များ၊ ကဝမြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုးမြင့်နှင့် မြို့နယ်ကော်မတီများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ကဝမြို့နယ်ရှိ ရေဘေးသင့်ဒေသများဖြစ်သော ငှက်ကျော်၊ ကံလှ၊ ကမ်းပြို၊ စာဖြူစုကျေးရွာများသို့သွားရောက်၍ ရေဘေးသင့်အိမ်ခြေ ၁၇၆ လုံးတွင်နေထိုင်ကြသော ပြည်သူများထံသို့ ဆန်နှင့်ဆီများ သွားရောက်လှူဒါန်း ကြသည်။

Read more

LG ရဲ့ ခေါက်နိုင်တဲ့ Panel မူပိုင်ခွင့်အရေအတွက် Samsung ထက် ပိုမိုများပြား

ကိုရီးယားမှာ လွန်ခဲ့တဲ့ ၆ နှစ်ကျော်အတွင်း ခေါက်နိုင်တဲ့ panel တွေနဲ့ ပတ်သက်တဲ့ စုစုပေါင်း မူပိုင်ခွင့် ၂၇၆ ခု လျှောက်တင်ခဲ့ကြောင်း ကိုရီးယားဉာဏမူပိုင်ခွင့်ရုံး (KIPO) က ပြောကြားခဲ့ပါတယ်။ အဲ့ဒီအထဲက မူပိုင်ခွင့် ၂၁၀ ကို ပြီးခဲ့တဲ့ သုံးနှစ်အတွင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

Read more

မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာ ပါတီဆိုင်းဘုတ်စိုက်ထူ

 

မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁၈.၈.၂၀၁၈ ရက်နေ့ နံနက်တွင် မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာ ပါတီဥက္ကဌ ဦးမြဝင်း ၏နေအိမ်တွင် ပါတီဆိုင်းဘုတ်စိုက်ထူခဲ့ပါသည်။ ယင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင် မြင်းခြံခရိုင်နယ်မြေတာဝန်ခံ ဦးမြတ်သူနှင့် ခရိုင်ပါတီဥက္ကဌ၊ မြို့နယ်ပါတီဥက္ကဌတို့မှ ပါတီဆိုင်းဘုတ်အား အမွှေးနံ့သာရည်ပတ်ဖြန်း၍ စိုက်ထူခဲ့ပြီး ၄င်းနောက်ဆိုင်းဘုတ်တင်ပွဲသို့ တက်ရောက်အားပေးကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး တိုင်းဒေသကြီးပါတီဥက္ကဌမှ နှုတ်ခွန်းဆက်စကားပြေားကြားပြီး ခရိုင်နယ်မြေတာဝန်ခံမှ ပါတီ၏ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းပြေားကြားခဲ့ပါသည်​။

Read more

မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသော စီးပွားရေးအခြေအနေများနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း (စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီးဟောင်း)အား တွေ့ဆုံမေးမြန်းမှု

 

Read more

မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင်ပွဲများကျင်းပ

 

မလှိုင် သြဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီးမလှိုင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဆိုင်းဘုတ် သစ်တင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မလှိုင်မြို့နယ် ကံကြီးကျေးရွာ၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်တင်ပွဲအခမ်း အနားသို့ မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးစိုးသိန်း ဦးဆောင် သော မြို့နယ်ပါတီကော်မတီဝင် များနှင့် ကံကြီးကျေးရွာ ရပ်/ ကျေးပါတီဝင်အင်အား ၅ဝကျော် တက်ရောက်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ မင်္ဂလာအချိန်တွင် စိုက်ထူပေးခဲ့သည်။

Read more

တိုင်းဒေသကြီးပါတီကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ခရိုင်မြို့နယ် ကော်မတီဝင်များနှင့်တွေ့ဆုံ

 

မအူပင် သြဂုတ် ၁၉

Read more

သွေးတိုး ၊ ပန်းနာ ၊ မီးယပ် ၊ ပန်းသေ ၊ အိပ်မပျော် ၊ လေထိုး ၊ ဆီပြဿနာ များအတွက် အစွမ်းထက် ဂျင်း

သူငယ်ချင်း မိတ်ဆွေများလိုအပ်ရင်လည်း ကူလို့ရအောင် Share ယူနော်

၁။ သွေးတိုးလို့  သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို ( ၁၅ ) မိနစ်ခန့် ကြာအောင်ရေစိမ်ပြီး အရည်ညှစ်
၍ ကြက်ဥတစ်လုံး ဖောက်ထည့်ကာ ရောမွှေသောက်လိုက်ပါ။ သွေးကျဆေး အထူး သောက်စရာမလိုဘဲ သက်သာ ပျောက်ကင်းစေပါသည်။

Read more

သဘာဝဘေးအန္တရာယ်များတွင် အချိန်နှင့်တစ်ပြေးညီ လူငယ်များ ပါဝင်ကူညီရေး မြောင်းမြတွင် တွေ့ဆုံဆွေးနွေး

 

ဧရာဝတီတိုင်းဒေသကြီးမြောင်း မြခရိုင် မြောင်းမြမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက်ပိုင်းတွင် မြောင်းမြမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့်အတူ လူငယ်အဖွဲ့ဝင်များသည် မြို့မနှင့် မြို့ဝန်းကျင်ရှိ သဇင်းကုန်းကြီးနှင့် မုဆိုးကွင်း၊ အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊၁ဝ၊ ကံကော်မြိုင်၊ မြရတနာ၊ မြစန္ဒာရပ်ကွက်များရှိ ရပ်/ကျေးပါတီကော်မတီဝင်များ၊ လူငယ်တာဝန်ခံများအား သွားရောက်တွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအခြေအနေ၊ ဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များတွင် လူငယ်များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပါဝင်ကူညီရေးတွေ့ဆုံဆွေးနွေးခဲ့သည်။

Read more