အခုရာသီ ချဲလ်ဆီးမှာဆက်ရှိမယ်လို့ ဟာဇက် အတည်ပြုပြော

ချဲလ်ဆီးကွင်းလယ်လူ ဟာဇက်က အခုရာသီမှာ အသင်းမှာပဲဆက်ရှိနေမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းမှာ ကာလရှည်ဆက်ရှိဖို့ကိုတော့ သူက ငြင်းဆိုခဲ့ပါတယ်။ အသက်(၂၇)နှစ်အရွယ် ကစားသမားဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

Read more

မြိုင်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မကွေး သြဂုတ် ၁၉

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်၊ အတွင်းရေးမှူး ဦးထိန်လင်းနှင့် မြို့နယ်ပါတီကော်မတီများသည် လူငယ်ကိုယ်စားလှယ် ကိုအောင်ဆန်းထွန်း နှင့်လူငယ်ကော်မတီဝင်များ ပါဝင်လျက် မန်ကျည်းကန်ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံပွဲကို ပါတီဝင်ဦးအောင်မြိုင်နေအိမ်၌ ယနေ့နံနက်က သွားရောက်တွေ့ဆုံခဲ့ပြီး လတ်တလောဖြစ်ပေါ် နေသော နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံခြားငွေကြေးမတည်ငြိမ်မှုတို့ကြောင့်ဖြစ်ပေါ်လာသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုအခြေအနေများကို ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)

Read more

ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ဖိလစ်ပီလူးဝစ္စဆန္ဒရှိ

အက်သလက်တီကိုနောက်ခံလူ ဖိလစ်ပီလူးဝစ္စဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ အက်သလက်တီကိုနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းမှု မအောင်မြင်ဖြစ်ခဲ့ပြီးနောက် လူးဝစ္စဟာ ပီအက်စ်ဂျီအသင်းဆီကနေ ကမ်းလှမ်းမှု လက်ခံရရှိထားတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း ယူရီဘာချီချီကို ဘီလ်ဘာကိုအသင်းဆီ ရောင်းချခဲ့တာကြောင့် ဘယ်နောက်ခံ ကစားသမားတစ်ဦး လိုအပ်နေပါတယ်။ ဖိလစ်ပီလူးဝစ္စဟာ ပြီးခဲ့တဲ့ရာသီက အက်သလက်တီကိုအသင်းမှာ ပြိုင်ပွဲစုံ(၂၈)ပွဲ ကစားခဲ့ပြီး (၁)ဂိုးသွင်းယူခဲ့ပါတယ်။

Read more

ဒေ့ဗ်က ထိုင်းလက်ဝှေ့ကျော်ကို အလဲထိုးပြီး ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံဖြစ်၊ ထွန်းထွန်းမင်းနှင့် လိုကုကုသရေကျ

ထွန်းထွန်းမင်းနှင့် လိုကုကုတို့ အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်နေစဉ်

သိမ်ဖြူလက်ဝှေ့ရုံမှာ သြဂုတ် ၁၉ ရက်က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲမှာ ထွန်းထွန်းမင်းက ကွန်ဂိုက ဒါရီလိုကုကုနဲ့ ပူးတွဲသရေကျခဲ့ပေမယ့် ဒေဝ ခေါ် ဒေ့လက်ဒက်က ထိုင်းက ဒီစဲလက်ကို အလဲထိုး အနိုင်ယူခဲ့ပါတယ်။

Read more

ဖြိုးစေတနာအခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

ရန်ကုန် သြဂုတ် ၁၉

Read more

ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာ ခဲ့သူတွေ ပြန်ဆုံကြမယ်

သြဂုတ် ၂၀

တောင်ကိုရီးယားနိုင်ငံသားတွေဟာ နှစ်ပေါင်း ၇၀ ကြာ အဆက်အသွယ်ပြတ်နေခဲ့တဲ့ မြောက်ကိုရီးယားက မိသားစုဝင်တွေနဲ့ ဒီကနေ့မှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တွေ့ဆုံနိုင်ပြီ ဖြစ်ပါတယ်။

၁၉၅၀-၁၉၅၃ အရေးတော်ပုံ ဖြစ်ပြီးနောက်ပိုင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံလို့ သီးခြားသတ်မှတ် လိုက်ရာ ဆွေမျိုးသားချင်းတွေလည်း အဆက်အသွယ်ပြတ်ခဲ့ကြရတာဖြစ်ပါတယ်။

Read more

အီရတ်နိုင်ငံ တည်ငြိမ် အေးချမ်းရေးအတွက် အမေရိကန်က ဆက်လက် တပ်စွဲထားမည်ဟု ဆို

အီရတ်နိုင်ငံ အတွင်းရှိ IS စစ်သွေးကြွများ သိမ်းပိုက်ခဲ့ဖူးသော ဒေသများ၌ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ကူညီရန်အတွက် အမေရိကန် တပ်ဖွဲ့ဝင်များသည် ၄င်းနိုင်ငံအတွင်း ဆက်လက် တပ်စွဲထားမည် ဖြစ်ကြောင်း အမေရိကန် ဦးဆောင်သော နိုင်ငံတကာညွန့်ပေါင်း တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သြဂုတ် ၁၉ ရက်တွင် ပြောသည်။

Read more

ယူဂန္ဓာတွင် သံသယဖြစ်ဖွယ် အီဘိုလာရောဂါ ကူးစက်မှု တွေ့ရှိ

ယူဂန္ဓာနိုင်ငံ အနောက်ပိုင်းမှာ သံသယဖြစ်ဖွယ် အီဘိုလာကူးစက်မှု တွေ့ရှိပြီး ကျန်းမာရေးဝန်ထမ်းတွေက အခြေအနေကို စောင့်ကြည့်နေပါတယ်။ အီဘိုလာ ရောဂါလက္ခဏာဆန်ဆန် လူနာတဦးကို တွေ့ရှိထားပြီး သူ့အခြေအနေမှန်ကို သိရှိဖို့ ဓာတ်ခွဲခန်းအဖြေကို စောင့်နေတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ အဲဒီလူနာ သီးသန့်ထားရာနေရာနဲ့ ကီလိုမီတာ အနည်းငယ်အကွာ ယူဂန္ဓာနဲ့ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံတို့ရဲ့ နယ်စပ် ဝင်ပေါက် ဘန်ဆန်ဂါမှာလည်း ရောဂါရှာဖွေ စစ်ဆေးတာတွေကို ကြပ်ကြပ်မတ်မတ် လုပ်ဆောင် နေပါတယ်။ အဲဒီ ဘန်ဆန်ဂါနယ်စပ် ဝင်ပေါက်ဟာ အီဘိုလာရောဂါဖြစ်ပွားရာ  ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ ဘီနီဒေသနဲ့ ကီလိုမီတာ ၁ဝဝ ခန့်အကွာမှာ ရှိနေပါတယ်။ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံမှာ သံသယဖြစ်ဖွယ် အီဘိုလာရောဂါ ဖြစ်ပွားသူ ၅၇ ဦးရှိပြီး ၄၁ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 

Read more

ပါတီဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ ရန်ကုန်တိုင်းအမျိုးသမီးရေးရာတာဝန်ခံများအားတွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှတိုင်းခရိုင်မြို့နယ်ပါတီဥက္ကဌများအမျိုးသမီးရေးရာတာဝန်ခံများနှင့်ပာတီဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံဒေါက်တာ ဒေါ်စန်းစန်းနွယ် ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းတာဝန်ခံဦးခင်ရီတိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးတို့တွေ့ဆုံပွဲအခမ်းအနားကိုသြဂုတ်လ(၁၈)ရက်နေ့လည်(၁၁:၃၀)နာရီကရန်ကုန်တိုင်းပြည်ခိုင်ဖြိုးခန်းမတွင်ကျင်းပကြောင်းသိရှိရသည်။
အခမ်းအနားအစီအစဉ်အရပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းတာဝန်ခံဦးခင်ရီမှအမှာစကားပြောကြားရာတွင်စွမ်းရည်မြင့်မားပြည့်ဝသည့်အမျိုးသမီးထုကြီးမှနိုင်ငံ့အရေးကိစ္စများကိုဖေါ်ဆောင်နိုင်ရန်အတွက်အမျိုးသမီးညီလာခံကိုကျင်းပမှာဖြစ်ကြောင်းသို့ဖြစ်၍ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးထုသည်လည်းစည်းရုံးရေးစွမ်းရည်ပြည့်ဝသည့်အမျိုးသမီးပါတီဝင်များဖြစ်ရန်တစ်ဦးချင်းသော်လည်းကောင်းအဖွဲ့လိုက်သော်လည်းကောင်းကြိုးစားကြစေခြင်ကြောင်းမှာကြားသည်။
ထို့နောက်တိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးမှယနေ့ညှိနှိုင်းအစည်းအဝေးသည်တိုင်းခရိုင်မြို့နယ်အမျိုးသမီးအကြိုညီလာခံများကျင်းပနိုင်ရန်အတွက်ဖြစ်ကြောင်းပါတီဥက္ကဌများလည်းတက်ရောက်သည့်အတွက်မှာကြားလိုကြောင်းယနေ့ခေတ်အခြေအနေအရပါတီဥက္ကဌများအမျိုးသမီးပါတီဝင်များသည်ပြောရဲဆိုရဲဟောပြောရဲသည့်အရည်အချင်းနှင့်ပြည့်ဝနေရန်လိုအပ်ကြောင်းအမျိုးသမီးအကြိုညီလာခံအဆင့်ဆင့်ပြုလုပ်နိုင်ရန်ပြင်ဆင်ထားကြဖို့မှာကြားလိုကြောင်းပြောကြားသည်။
ဆက်လက်၍ပါတီဗဟိုအတွင်းရေးမှုးအမျိုးသမီးရေးရာတာဝန်ခံဒေါက်တာစန်းစန်းနွယ်မှအမှာစကားပြောကြားရာတွင်ယနေ့တွေ့ဆုံပွဲသည်ပြည်ခိုင်ဖြိုးပါတီအမျိုးသမီညီလာခံကျင်းပနိုင်ရေးအတွက်အကြိုညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်းရည်ရွယ်ချက်မှာပါတီ၏ဦးဆောင်မှုအခန်းကဏ္ဍမြှင့်တင်ရေးတွင်အမျိုးသမီးထုမှပါဝင်နိုင်ရန်ပါတီ၏မူဝါဒလုပ်ငန်းစဉ်များကိုပြည်သူများသိရှိစေရန်အမျိုးသမီးများဘဝလုံခြုံရေးနှင့်စွမ်းရည်မြင့်မားတိုးတက်စေရေးနှင့်အမျိုးသမီးဘဝမြှင့်တင်ရေးတို့အတွက်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းထို့နောက်အမျိုးသမီးညီလာခံကျင်းပနိုင်ရေးအတွက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုဆွေးနွေးပြောကြားသည်။
ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုမေးမြန်းတင်ပြကြပြီးတွေ့ဆုံပွဲအခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ထိန်ဝင်း(YGN)


Read more

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအတွင်း​ရေးမှူး တက်​​ရောက်​၍ ကြိုဆိုနှုတ်​ခွန်းဆက်​စကား​ပြောကြား

 

ရေစကြို ၊ သြဂုတ်​၊ ၁၉

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားကို ယ​နေ့ နံနက်​ ၁၀ နာရီအချိန်​တွင်​ မ​ကွေးတိုင်း​ဒေသကြီးပခုက္ကူခရိုင်​၊ရေစကြိုမြို့နယ်​ သာစည်​အုပ်​စု​ကျေးရွာ၌ ကျင်းပပြုလုပ်​ရာ အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူးမ​ကွေးတိုင်း​ဒေသကြီးတာဝန်​ခံ ဦးပိုက်​​ထွေး၊ ဗဟိုအလုပ်​အမှု​ဆောင်​၊ တိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊အတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ဘဏ္ဍာ​ရေးမှူး
ဦးကြည်​ထွန်း၊ ​တိုင်းပါတီ​ကော်​မ‌တီဝင်​များ ၊ပခုက္ကူခရိုင်​ပါတီဥက္ကဌဦးသိန်းထွန်း၊ အတွင်း​ရေးမှူး ဦးမြင့်​နိုင်​နှင့်​ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဌ ဦးသိန်းလွင်​​​နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများ၊ ပါတီဝင်​အသစ်​ ၃၇၅ ဦး အပါအဝင်​စုစု​ပေါင်းအင်​အား ၇၀၀ ​​ကျော်​တက်​​ရောက်​ခဲ့ကြပါသည်​ ။

Read more