ပါတီတွင်း အာဏာလုပွဲမှာ သြစတြေးလျ ၀န်ကြီးချုပ် ဖယ်ရှားခံရ

သြစတြေးလျ အာဏာရ လစ်ဘရယ်ပါတီတွင်း အာဏာလုပွဲမှာ ၀န်ကြီးချုပ် မဲလ်ကွန်တန်းဘူးလ် ဖယ်ရှားခံရပြီး လက်ရှိ ဘဏ္ဍာရေးဝန်ကြီး စကော့မော်ရစ်ဆန်က ၀န်ကြီးချုပ်အဖြစ် မဲအနိုင်ရပါတယ်။

ပါတီတွင်း မဲပေးမှုမှာ ပြည်ထဲရေးဝန်ကြီးဟောင်း ပီတာဒက်တန်ထက် အဖယ်ရှားခံ ၀န်ကြီးချုပ် တန်းဘူးလ်ရဲ့ မဟာမိတ်တစ်ဦးဖြစ်သူ မော်ရစ်ဆန်ဟာ ၄၅-၄၀ မဲရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ကြောင်း ပါတီပြောခွင့်ရသူ နိုလာမာရီနိုက အတည်ပြုပါတယ်။ သုံးနှစ်နီးပါး ၀န်ကြီးချုပ် တာဝန်ယူခဲ့သူ ဘဏ်လုပ်ငန်းရှင်ဟောင်းတစ်ဦးဖြစ်တဲ့ တန်းဘူးလ်ကတော့ ပါတီတွင်း မဲယှဉ်ပြိုင်မှုမှာ မပါဝင်ခဲ့ပါဘူး။

Read more

ဟာဝိုင်ယီကနေ တရုတ်ကို ပျံသန်းတဲ့လေကြောင်းလိုင်း ရပ်နားတော့မည်

ဟာဝိုင်ယီကျွန်းကနေ တရုတ်ပြည်ကို တိုက်ရိုက်ပျံသန်းနေတဲ့ လေကြောင်းလိုင်းကို လေးနှစ်ကြာ ပြေးဆွဲ နေရာကနေ ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။

ဟာဝိုင်ယီကျွန်း ဟိုနိုလူလူ လေဆိပ်ကနေ ဘေဂျင်းအထိ တိုက်ရိုက်ပျံသန်းနေတဲ့ အဲဒီလေကြောင်းလိုင်းကို လာမယ့် အောက်တိုဘာလမှာ ရပ်ဆိုင်းမှာဖြစ်ပါတယ်။ အဲဒီလေကြောင်းလိုင်းကို ၂၀၁၄ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး၊ တပတ်ကို သုံးရက် ပျံသန်းနေတာပါ။

Read more

လက်နက်ဝယ်ယူရေးဆွေးနွေးဖို့ ကန်အစိုးရအဖွဲ့ဝင်သုံးဦးက ကမ်းလှမ်းကြောင်း ဒူတာတေး ပြော

ဖိလစ်ပိုင်နိုင်ငံရဲ့ ကာကွယ်ရေးအတွက် လက်နက်ပစ္စည်းတွေ ဝယ်ယူရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်သုံးဦးက ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ကြတယ်လို့ သမ္မတ ဒူတာတေး က ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၊ ကုန်သွယ်ရေးဝန်ကြီး ဝီလ်ဘာရော့စ်၊ ကာကွယ်ရေးဝန်ကြီး ဂျိမ်း မက်တစ်စ် တို့ လက်မှတ်ရေးထိုးထားတဲ့ စာတစောင်လက်ခံရရှိထားပြီး၊ အဲဒီစာထဲမှာ ဖိလစ်ပိုင်စစ်တပ် ခေတ်မီ တပ်မတော် ဖြစ်လာရေးအတွက် အမေရိကန်အစိုးရက အစွမ်းကုန် ထောက်ခံ နေတယ်ဆိုတာ ထပ်မံ အတည်ပြုကြောင်း ရေးသားထားတယ်လို့ ဒူတာတေး က ပြောပါတယ်။

Read more

တောင်ကိုရီးယား တရားရုံး က သမ္မတဟောင်း ပက်ဂွမ်ဟေးအား ထောင်ဒဏ် ၂၅နှစ်ချမှတ်

တရားရုံးသို့ ခေါ်ဆောင်လာသည့် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ သြဂုတ် ၂၄ ရက်

တောင်ကိုရီးယားနိုင်ငံ အယူခံတရားရုံးတစ်ခု က သြဂုတ် ၂၄ ရက်တွင် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးအား လာဘ်ပေးလာဘ်ယူမှုများ အပါအဝင် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ထောင်ဒဏ် ၂၅နှစ်အထိ တိုးမြှင့်ချမှတ်ခဲ့ကြောင်း သိရသည်။

Read more

မြောက်ကိုရီးယားဆိုင်ရာ အထူးသံတမန်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်

ဝါရှင်တန်၊ သြဂုတ် ၂၄

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပဲယိုးဟာ မြောက်ကိုရီးယားဆိုင်ရာ အထူးသံတမန်အဖြစ် စတီဗင်ဘက်ဂန်းကို ခန့်အပ်ကြောင်း သြဂုတ် ၂၃ ရက်က ကြေညာပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား လုံးဝဖျက်သိမ်းရေး အာမခံရရှိရေးကို ရည်သန်ပြီး Ford Motor ကုမ္ပဏီရဲ့ နိုင်ငံတကာအစိုးရဌာနဆိုင်ရာများ ဆက်ဆံရေး ဒုတိယဥက္ကဌဖြစ်တဲ့ ဘက်ဂန်းကို ခုလို ခန့်အပ်တာပါ။

Read more

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

လွိုင်ကော် – သြဂုတ် ၂၃

ယနေ့ ၂၃-၈-၂၀၁၈ ရက်နေ့ နံနက် (၁၀း၄၅) နာရီမှ နေ့လည် (၁၂း၄၅) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ပါတီနာယက ဒေါ်စုလေးဖြူ ၊ ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးမော်ရယ်၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်ဒေါရစ်လေးတို့ တက်ရောက်ကြောင်း သတင်းရှိရသည်။

Read more

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ​ဘားအံမြို့နယ်ရှိ ​ရေလွှမ်းမိုးခြင်းခံရသည့် ကျုံဖဲကျေးရွာသို့ သွားရောက်၍ ​ထောက်​ပံ့​ရေးပစ္စည်းများ လှူဒါန်းပေးအပ်

 

သြဂုတ်​ ၂၃

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်​အဖွဲ့သည်​ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နေ့လည် ၁၂နာရီတွင် ဘားအံမြို့နယ်ရှိ ရေလွှမ်းမိုးခြင်းခံရသည့် ကျုံဖဲကျေးရွာသို့သွားရောက်ကြပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ကူညီပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်၍ လှူဖွယ်ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့သည်။

ပထမဦးစွာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ကျုံဖဲကျေးရွာ ရွှေကျင်သရက်တောကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဖောတိကဓဇ ဘဒ္ဒန္တယသ ဆရာ​တော်​ဘုရားအားဖူး​မျှော်​ကြည်​ညိုကာ လှူဖွယ်​ဝတ္တုများ ဆက်​ကပ်​လှူဒါန်းခဲ့သည်​။

Read more

ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပ

 

22.8.2018

၂၂. ၈. ၂၀၁၈ ​နေ့ ၁၄၀၀ နာရီတွင်​ မ​ကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် စကုမြို့ ကုလားပါး​ကျေးရွာ၌ ကျင်းပပြုလုပ်​သည့်​ ပါတီဝင်​အဆိုပြုလွှာစု​ပေါင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ​ရွှေကျင်​မြို့နယ်​ရှိ ​ရေလွှမ်းမိုးခြင်းခံရ​သော​ကျေးရွာများသို့ ​ထောက်​ပံ့​ရေးပစ္စည်းများလှူဒါန်း ​ပေးအပ်

 

သြဂုတ်​ ၂၂

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီိဗဟိုအလုပ်​အမှု​ဆောင်​ ပဲခူးတိုင်း​ဒေသကြီးတွဲဖက်​တာဝန်​ခံ ဦးလှသိန်း၊ ဗဟိုအလုပ်​အမှု​ဆောင်​ ​ဒေါက်​တာပွင့်​ဆန်း၊ ဗဟို​ကော်​မတီဝင်​ ​ဒေါက်​တာ နန္ဒာလှမြင့်​၊ ​ဒေါ်နီနီမာ တို့လိုက်​ပါလျှက်​ ယ​နေ့ မွန်းလွဲ ၁ နာရီအချိန်​တွင်​​ရွှေကျင်​မြို့နယ်​တွင်း စစ်​​တောင်းမြစ်​​ရေကြီးမှု​ကြောင့်​ ​ရေလွှမ်းမိုးခြင်းခံရ​သော ကျွန်းတဲစုရွာ၊ စံဖဲရွာ၊ ​ညောင်​အိုင်​ရွာများရှိ မိဘပြည်​သူများအား ​ထောက်​ပံ့​ရေးပစ္စည်းများအား ကူညီ​ထောက်​ပံ့​ပေးခဲ့​သည်​။

Read more