ရွာတွင်းကိုယ်ထူကိုယ်ထမီးလင်းရေးအတွက်ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအလှူငွေကျပ် ၁ဝ သိန်းပေးအပ်လှူဒါန်း

 

ဆိပ်ဖြူ သြဂုတ် ၂၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ရွာသစ်ကြီးအုပ်စု ရွာသစ်ကြီး ရွာနှင့်နဘဲကန်ရွာ ရွာတွင်းကိုယ်ထူကိုယ်ထမီးလင်းရေးအတွက် ဝါဇီ ဆရာတော်ကြီးဦးဥတ္တရအား အမှူးထား၍ ဆိပ်ဖြူပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆောင်မိသားစုမှ အလှူငွေကျပ် ၁ဝ သိန်းကို ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်တွင် ပေးအပ်လှူဒါန်းရာ မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်ဌေးနှင့်ဦးဆန်းမင်းဦး၊ အုပ်စုအုပ်ချုပ်ရေးမှူးဦးမင်းလွင်တို့က လက်ခံရယူကြောင်း သိရသည်။

Read more

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတာဝန်ခံများတွေ့ဆုံညှိနှိုင်း

 

ရန်ကုန် သြဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီရုံးတွင်ယနေ့မွန်းလွဲ ၁နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိအမျိုးသမီးရေးရာတာဝန်ခံ များ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင်ရန်ကုန်တိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်း၊တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံများ တက်ရောက်ကြသည်။

Read more

ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေနာယကများ တပ်ကုန်းမြို့နယ် ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 

နေပြည်တော် သြဂုတ် ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ တပ်ကုန်းမြို့နယ် ရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁ဝနာရီတွင် ကော်မတီဝင်များ ပုံ မှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေနာယကများ ဖြစ်သော ဦးခင်မောင်ဌေး၊ ဦးမှတ် ကြီး၊ ပြည်ထောင်စုနယ်မြေပါတီ အတွင်းရေးမှူးဦးဌေးဝင်း၊ ပြည် ထောင်စုနယ်မြေကော်မတီဝင်နယ် မြေတာဝန်ခံ ဦးဖေအံ့မောင်၊ နေ ပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌဦးအောင် နိုင်ဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးဝင်း ဗိုလ်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

မော်လမြိုင်၊ သြဂုတ် ၂၃

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ယနေ့ သြဂုတ်​လ ၂၃ ရက်​​နေ့ ညနေ ၆ နာရီချိန်တွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မှ မွန်ပြည်နယ် ပြည်နယ်ပါတီဥက္ကဋ္ဌ၊ ပါတီအတွင်းရေးမှူး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်(၂)ခရိုင်မှ ပါတီဥက္ကဋ္ဌများ၊ ၁၀ မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံကာ လမ်းညွန်အမှာစကား ပြောကြားခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချောင်းဆုံမြို့နယ်အတွင်းရှိ ပါတီဝင်ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

 

ချောင်းဆုံ၊ သြဂုတ်၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ဗဟိုအလုပ်​အမှု​ဆောင်​ ပြည်​နယ်​ပါတီဥက္ကဋ္ဌ ဦး​အောင်​ကြည်​သိန်း၊ ပါတီဗဟို​ကော်​မတီဝင်​ ​ဒေါက်​တာနန္ဒာလှမြင့်​နှင့်​ ပြည်​နယ်​ ပါတီကော်မတီဝင်များ၊ခရိုင်ပာတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်​ ၊မြို့နယ်များမှပါတီ​ကော်​မတီဝင်​များ၊ ရပ်​ကွက်​​ကျေးရွာပါတီဥက္ကဋ္ဌများနှင့်​ ပါတီဝင်​လူငယ်များ သြဂုတ်လ၂၃ ရက်နေ့ ည​နေ ၄ နာရီခွဲ အချိန်၌ ချောင်းဆုံမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ​ဆောင်တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။

Read more

ဒီလီအလီရဲ့  နှစ်ဆပိုခက်သော လက်ဟန် အမူအရာ ဒုတိယအကြိမ် ထပ်မံထွက်ပေါ်

စပါးအသင်းမှ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဒီလီအလီသည် ရာသီအဖွင့် နယူး ကာဆယ်ကို အနိုင်ရသည့်ပွဲစဉ်တွင် မျက်လုံးရှေ့လက်ချောင်းများကို အဝိုင်းပုံသဏ္ဌာန်တစ်ခုလုပ်ကာ ခက်ခက်ခဲခဲ ပုံစံဖြင့် အောင်ပွဲခံခဲ့ရာ လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး တစ်ကမ္ဘာ လုံးလိုက်လုပ်ကြသလို ပေါ့ဂ်ဘာ၊ ပိုချက်တီနို၊ နေမာတို့သာမက အမေရိကန် ဘောလုံးလိဂ် (NFL) နှင့် အမေရိကန် ဘတ်စကက်ဘောလိဂ် (NBA) အသိုင်း အဝိုင်းမှကစားသမားများပါ လိုက်ပါလုပ်ဆောင်ခဲ့ကြသည်။

Read more

မန်ယူနည်းပြရာထူးကို စိတ်ဝင်စားနေကြောင်း မိတ်ဆွေတွေကို ဇီဒန်းဖွင့်ဟ

ရီးရဲလ်နည်းပြဟောင်းဇီဒန်းက မန်ယူအသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေကြောင်း မိတ်ဆွေတွေကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းအမှုဆောင်ဒု-ဥက္ကဋ္ဌအက်ဝုဒ်ဝပ်၊ ကွင်းလယ်လူ ပေါ့ဘာတို့နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် နည်းပြ မော်ရင်ညိုဟာ မန်ယူအသင်းမှာ ကြီးမားတဲ့စမ်းသပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ မော်ရင်ညိုအနေနဲ့လည်း မန်ယူအသင်းမှာ လက်ရှိပြဿနာတွေကို ရပ်တန့်ဖို့ကြိုးစားချိန်မှာ လာမယ့် တနင်္လာနေ့မှာလည်း စပါးကို အိမ်ကွင်းမှာ အရေးကြီးပွဲ ကစားသွားရမှာပါ။ မန်ယူအသင်းကတော့ နည်းပြမော်ရင်ညိုကို ထောက်ခံကြောင်း တရားဝင်ထုတ်ပြန်ထားပြီး ဇီဒန်းကို အစားထိုးခန့်အပ်ဖို့ ဆက်သွယ်နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ငြင်းဆိုထားပါတယ်။ အခုတစ်ပတ်အစောပိုင်းမှာ မန်ယူအတွင်း လူတစ်ဦးက “ရာထူးလစ်လပ်မှုမရှိဘဲ ကျွန်တော်တို့ ဘာကြောင့် ဇီဒန်းနဲ့ ဆွေးနွေးရမှာလဲ”လို့ ပြောကြားခဲ့ပါတယ်။

Read more

လီဗာပူးလ်ကို ပေါင် (၂)ဘီလျံနဲ့ ၀ယ်ယူဖို့ ကြိုးစားခဲ့တဲ့ အာရပ်သူဌေး ရှိတ်ခါလက်

မန်စီးတီးပိုင်ရှင် ရှိတ်မန်ဆော နဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူဟာ လီဗာပူးအသင်းကိုပေါင် ၂ ဘီလီယံနဲ့ဝယ်ယူဖို့ ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။

ရှိတ်ခါလတ် ဆိုသူဟာ ၂၀၁၇ တုန်းက လီဗာပူကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး ပယ်ချခံခဲ့ရပါတယ်။ အဲဒီတုန်းက လီဗာပူးကသာ လက်ခံလိုက်ရင် ဘောလုံးသမိုင်းမှာ တန်ဖိုးအမြင့်ဆုံးသော ၀ယ်ယူမှုဖြစ်လာမယ်လို့လည်း သိရပါတယ်။

Read more

VAR သာရှိခဲ့ရင် နောက်ဆုံးချန်ပီယံလိဂ်ဖလား ၂ ကြိမ်ကို ရီးရဲလ်မက်ဒရစ် မရနိုင်ဘူးလို့ ဗီဒဲလ်က ပြော

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ VAR စနစ်ကိုသာ အသုံးပြုခဲ့မယ်ဆိုရင် ရီးရဲလ်ဟာ သူတို့ရခဲ့တဲ့ နောက်ဆုံးချန်ပီယံလိဂ် ဖလား ၂ ကြိမ်ကိုရနိုင်မှာ မဟုတ်ဖူးလို့ ဘာစီလိုနာကွင်းလယ်လူ ဗီဒဲလ်က ပြောလိုက်ပါတယ်။

ချီလီလက်ရွေးစင် ဗီဒဲလ်ဟာ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကိုပြောင်းလာတဲ့သူဖြစ်ပြီး သူ့အသင်းရဲ့ မဟာပြိုင်ဘက် ဖြစ်တဲ့ ရီးရဲလ်ကို တိုက်ခိုက်ပြောကြားလိုက်ခြင်းလည်းဖြစ်ပါတယ်။ ဗီဒဲလ်ဟာ ဘိုင်ယန်နဲ့အတူ ၂၀၁၆-၁၇ ဘောလုံးရာသီကွာတားဖိုင်နယ်နဲ့ ပြီးခဲ့တဲ့ရာသီတုန်းက ဆီမီးဖိုင်နယ်တို့မှာ ရီးရဲလ်ကိုရင်ဆိုင်ခဲ့ပြီး အရေးနိမ့်ခဲ့သူ ဖြစ်ပါတယ်။

Read more

တောင်ကိုရီးယားတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

တိုင်ဖွန်းမုန်တိုင်း ဆူးလီဟာ တောင်ကိုရီးယားနိုင်ငံကို သြဂုတ် ၂၃ ရက်မှာ ချဉ်းကပ်လာတာကြောင့် ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းလိုက်ပါတယ်။ မုန်တိုင်းကြောင့် ဂင်ပိုလေဆိပ်က လေယာဉ်ခရီးစဉ် ၂၈၀ နီးပါးနဲ့ ဂျယ်ဂျူးလေဆိပ်က လေယာဉ်ခရီးစဉ် ၃၉၀ နီးပါး အပါအဝင် ခရီးစဉ် ၈၀၀ နီးပါး ဖျက်သိမ်းထားတယ်လို့ တောင်ကိုရီးယား လေဆိပ်များ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က ပြောပြီး အဓိကလေဆိပ်ကြီးတွေကိုလည်း ယာယီပိတ်ထားပါတယ်။

Read more