မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကင်းရေး ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်

 

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဦးဆောင်၍ သာယာကုန်းရပ်ကွက်တွင် ယမန်နေ့ နံနက် ၈ နာရီ၌ သွေးလွန်တုပ်ကွေးရောဂါကင်းစေရန် ခြင်ဆေးမှုတ်ခြင်းနှင့်အဘိတ်ဆေးခတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းခြင်ဆေးမှုတ်ခြင်းပြုလုပ်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးတင်ရှိန်၊ နယ်မြေတာဝန်ခံ ဦးဗိုလ်ဗိုလ်ခင်မောင်တင့် (လူငယ်တာဝန်ခံ)နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာ၊ သာယာကုန်းရပ်ကွက် ပါတီခေါင်းဆောင် ဒေါ်လေးလေးမြင့်နှင့် ပါတီကော်မတီဝင်များ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Read more

ပုထိုးနီကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပ

 

ကျောက်ဆည် သြဂုတ် ၂၂

Read more

သုံးခွရှိ ရေဘေးသင့် ကျေးရွာသုံးရွာမှ ပြည်သူများသို့ ပြည်ခိုင်ဖြိုးပါတီနှင့် အလှူရှင်များက လှူဒါန်း

 

ရန်ကုန် သြဂုတ် ၂၂

Read more

မကွေးတိုင်းကော်မတီဝင်များ မင်းဘူး(စကု) ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

မင်းဘူး သြဂုတ် ၂၂

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ အပတ်စဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မင်းဘူး ပြည်ခိုင်ဖြိုးရုံး၌ပြုလုပ်ရာ တိုင်းပါတီဥက္ကဋ္ဌနှင့်တကွ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်တွင်း မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်မြို့နယ်ကော်မတီ၊ အရန်ကော်မတီဝင် များတွေ့ဆုံကြ၍ ရက်သတ္တပတ်အတွင်း ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

Read more

အင်းတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေး စီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်

 

အင်းတော် သြဂုတ် ၂၂

Read more

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကျန်းမာရေးထောက်ပံ့ငွေများ ကူညီပေးအပ်

 

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူးဦးတင်ရှိန်၊ (လူငယ်တာဝန်ခံ) ဗိုလ်ဗိုလ်ခင်မောင်တင့်နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်ပါတီ ခေါင်းဆောင်များက လွတ်လပ်ရေးရပ်ကွက် စည်း/မှူးဟောင်း ဒေါ်ခင်မျိုးမြင့်အား ကျန်းမာရေးအတွက် ထောက်ပံ့ ငွေများ ကူညီပေးအပ်ခဲ့သည်။
တစ်ဆက်တည်းမှာပင် သိမ်ဖြူမီးရထားရပ်ကွက် တွဲဖက်ပါတီ ခေါင်းဆောင် ကိုစည်သူ၏ဇနီး မီးဖွားခြင်းအတွက် ထောက်ပံ့ငွေ များကို အိမ်တိုင်ရာရောက် ကူညီလှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ လွိုင်ကော်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

လွိုင်ကော် သြဂုတ် ၂၂

Read more

မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုပျက်သွားသော အိမ်အား ပြန်လည်တည်ဆောက်ပေး

 

မအူပင် သြဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးသန်းစိုး ဦးဆောင်သော ကျေးရွာပါတီဝင်များသည် ယမန်နေ့၌ မအူပင်မြို့နယ် ကဝက္ကင်းကျေးရွာ အုပ်စု စာဖြူစုကျေးရွာ ဆည်မြောင်းတာပေါင်ဘေးတွင် နေထိုင်သော ပါတီဝင် ဒေါ်စန်းယုံ၏ သဘာဝဘေးအန္တရာယ်ကြောင့်ပြိုပျက်သွားသော နေအိမ်အား ပြန်လည်ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေါ်စန်းယုံတွင် မိသားစုအဖြစ် သမီးလူမမည်သုံးယောက် နှင့်အတူနေထိုင်လျက် ပြီးခဲ့သည့်လပိုင်းက သဘာဝဘေးအန္တရာယ်ကြောင့် အိမ်ပြိုသွားခဲ့သည်။ ထို့အတွက် ဆည်မြောင်းပေါင်ပေါ်၌ မြေစိုက်တဲထိုး နေထိုင်ခဲ့ရရာ ကျေးရွာပြည်ခိုင်ဖြိုးပါတီဝင် ဦးမျိုးမင်း-ဒေါ်အေးမြစန်း မိသားစုက ငွေကျပ်တစ်သိန်းမတည်ပြီး မြို့နယ်နှင့် ရပ်/ကျေးပါတီများမှ လိုအပ်သည်များ ထပ်မံဖြည့်ဆည်းကာ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Read more

နယ်ခြားစောင့်တပ် နှစ်ပတ်လည်နေ့ ကရင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီတက်ရောက်

 

အမှတ်(၁ဝ၂၂) နယ်ခြားစောင့်တပ် ရှစ်နှစ် မြောက် တပ်နှစ်ပတ်လည်နေ့အခမ်းအနားကို သြဂုတ် ၂၁ ရက် နံနက် ၈ နာရီတွင် မြဝတီ မြို့နယ်အတွင်း မဲကနယ်ကျေးရွာရှိ အမှတ် (၁ဝ၂၂)နယ်ခြားစောင့်တပ်စစ်ရေးပြကွင်း၌ ကျင်းပရာ အခမ်းအနားသို့ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစန်းကို၊ ပြည်နယ်ပါတီကော် မတီဝင်များဖြစ်ကြသောဦးသန်းဦး၊ဦးဝင်းတင့်၊ ကော့ကရိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးခွန်အောင် သိန်းဝင်း၊ မြဝတီမြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်း နေအောင်တို့ တက်ရောက်ခဲ့ကြစဉ်။

Read more

သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မှိုကုန်းသာအောင်သာဒါန်းဆရာတော်အား ဝါဆိုသင်္ကန်းကပ်လှူ

 

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ် အောင်သာဒါန်းနှင့်ထွန်း စိန်ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စု ၄၂ စုအား ထောက် ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရန် သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မှိုကုန်းသာအောင်သာဒါန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ယနေ့ ရောက်ရှိစဉ် ကျောင်းတိုက်ဦးစီး ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နာဂဝံသအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုတို့အား ရန်ကုန် (တောင်ပိုင်း)ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးလွင်ဦး၊ ပြည်ခိုင်ဖြိုး ပါတီ တိုင်းအရန်ပါတီကော်မတီ ဒေါက်တာမြင့်သိန်းနှင့်ဇနီးဒေါ်အေး ရီ၊ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုနှင့် ပါတီဝင်များက ဆက်ကပ်၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေ ခဲ့ကြကြောင်း သိရသည်။

Read more