ၾသစေၾတးလ် ဝန်ကြီးချုပ်သစ် စကော့မော်ရစ်ဆင် အစိုးရအဖွဲ့ ဝန်ကြီးစာရင်း ကြေညာ

သြစတြေးလျ ဝန်ကြီးချုပ်သစ် စကော့မော်ရစ်ဆင်ဟာ သြဂုတ် ၂၆ ရက်နေ့က အစိုးရအဖွဲ့သစ် ဝန်ကြီးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီစာရင်းအရ နိုင်ငံခြားရေးဝန်ကြီးအဖြစ် မာရိစ်ပိန်း၊ ကာကွယ်ရေးဝန်ကြီးအဖြစ် ခရစ္စတိုဖာပိုင်း၊ ကုန်သွယ်ရေးဝန်ကြီးအဖြစ် ဆိုင်မွန်ဘာမင်ဂမ်တို့ကို ခန့်အပ်ခဲ့ပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ်ဟောင်း တန်ဘူးလ်ကို စိန်ခေါ်သူ ပြည်ထဲရေးဝန်ကြီး ပီတာဒက်တန်ကိုတော့ လက်ရှိရာထူးအတိုင်း ဆက်ထားပေမယ့် လူဝင်မှုရေးရာ ကိစ္စရပ်တွေကို ကိုင်တွယ်ခွင့် မပြုဘူးလို့ သိရပါတယ်။
Read more








