အာဖဂန်တွင် စစ်အခြေစိုက်စခန်း တည်ဆောက်နေ ဆိုသည့်သတင်း တရုတ်ငြင်းဆို

အာဖဂန်နစ္စတန်နိုင်ငံထဲမှာ စစ်တပ်အခြေစိုက်စခန်းတခု တည်ဆောက်နေတယ်ဆိုတဲ့ သတင်းကို တရုတ်အစိုးရက သြဂုတ် ၂၉ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။

တရုတ်အစိုးရဟာ အာဖဂန်တပ်တွေအတွက် သင်တန်းပေးတဲ့ စခန်းတခု တည်ဆောက်နေပြီး တရုတ်စစ်သားတွေကိုပါ စေလွှတ်နိုင်တယ်လို့ ဟောင်ကောင်သတင်းစာ တစောင်က ရေးသားအပြီးမှာ ခုလို ငြင်းဆိုလိုက်တာပါ။

Read more

ရွှေ့ပြောင်း ဗင်နီဇွဲလား ပြည်သူများ အလုံးအရင်း ဝင်ရောက်မှုကြောင့် နယ်စပ်သို့ ဘရာဇီး စစ်တပ်များစေလွှတ်

ဗင်နီဇွဲလားဖက်မှ ရွှေ့ပြောင်း အခြေချသူများ အုံနှင့်ကျင်းနှင့် ဝင်ရောက်နေမှုကို ကြပ်မတ် ကိုင်တွယ်ရန် နယ်စပ်သို့ စစ်တပ်များ စေလွှတ်သွားမည်ဟု ဘရာဇီး အစိုးရက ကြေညာခဲ့သည်။

ဗင်နီဇွဲလားတွင် စီးပွားရေး ချွတ်ခြုံကျမှု၊ ငွေကြေး ဖောင်းပွမှု၊ စားနပ်ရိက္ခာ ရှားပါးမှုများကြောင့် နိုင်ငံသား အများအပြား ပတ်ဝန်းကျင် နိုင်ငံများသို့ ပြောင်းရွှေ့ ခိုလှုံလာကြခြင်းက ဒေသတွင်း ပြဿနာကြီးတစ်ခု အသွင်ကို ဆောင်လာသည်။ ပီရူးတွင် ရွှေ့ပြောင်းဝင်ရောက်သူ များပြားမှုကြောင့် ကျန်းမာရေး အရေးပေါ် အခြေအနေ ထုတ်ပြန်ထားရသလို ကိုလံဘီယာတွင်လက် အခက်အခဲများ ကြုံနေသည်။

Read more

ရာဇဝတ်ကောင်များကို ရဲများက ပစ်သတ်ခွင့် ရှိသင့်ဟု ဘရာဇီး သမ္မတလောင်းဆို

လက်ယာစွန်း နိုင်ငံရေးသမား တစ်ဦးအဖြစ် လူသိများသော ဂျယ်ဘိုလ်ဆွန်နာရိုသည် လာမည့် ရွေးကောက်ပွဲတွင် သမ္မတ မစ်ချယ်လ် တမ်မာကို အဓိက စိန်ခေါ်နိုင်မည့်သူ တစ်ဦးအဖြစ်လည်း ထင်ကြေးပေး ခံနေရသည်။ ၎င်းက ဘရာဇီး ရဲများသည် ရာဇဝတ်သားများကို သတ်ဖြတ်မိသည့်အခါ တရားရေးအရ ရင်ဆိုင်ဖြေရှင်းနေရကြောင်း၊ ယင်းအစား အဆိုပါ ရဲဝန်ထမ်းကို ဆုတံဆိပ်ပင် ချီးမြှင့်ထိုက်ကြောင်း အင်တာဗျူး အစီအစဉ် တစ်ခုတွင် မှတ်ချက်ပေးသွားခဲ့သည်။

Read more

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ကံပြားတိုက်နယ်ရှိ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ

 

(28.8.2018) နေ့ မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော် အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် မြို့နယ်ကော်မတီဝင် ဦးတိုင်းကျော်၊ ဦးတင်ဌေးအောင် တို့သည် ကံပြားတိုက်နယ်ရှိ ပါတီခေါင်းဆောင်များဖြင့် ယမန်နေ့ နံနက် (၁၀) နာရီခွဲတွင် တွေ့ဆုံ၍ ပုံမှန်လပါတ်အစည်းအဝေးပြုလုပ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိုနှိုင်းဆွေးနွေမှုများ ပြုလုပ်ခဲ့ကြပါသည်။

Read more

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ် ၂ဝဝ ဝင်ရောက်

 

ကျုံးပျော် သြဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင် ဖြိုးပါတီသည် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲကို အထောင်တိုက် နယ် မဲဂရက်ကျေးရွာအုပ်စုတွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပ ခဲ့ရာ မဲဂရက်ကျေးရွာအုပ်စုမှ ပြည်သူ ၂ဝဝတို့မှ ပါတီသို့ဝင်ခွင့် ပြုရန်အတွက် ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ခဲ့သည်။ အခမ်း အနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ အရန် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများတက်ရောက်ခဲ့သည်။

Read more

မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သံဃာ့ဒါနဆွမ်းဆန်တော်လောင်းလှူ

 

ကချင်ပြည်နယ် မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်၌ (၁၇)ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲကို သြဂုတ် ၂၆ ရက်ကကျင်းပရာ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် ပါတီဝင်များက ပင့်သံဃာတော်များအား ဆွမ်းဆန်တော်များ လောင်းလှူ ပူဇော်ကြစဉ်။

ဝင်းအောင်(မိုးကောင်း)


Read more

တမူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

တမူး သြဂုတ် ၂၈

တမူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှင့် တမူးမြို့နယ် ရန်ငြိမ်းအောင် ကျေးရွာ၊ဝိတုတ်ရွာမဝိတုတ်ရွာသစ် ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံပွဲကို ကျေးရွာပါတီရုံး၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေနှင့် ခရိုင်ကော်မတီ ဝင် ဦးမျိုးမျိုးတို့က လက်ရှိနိုင်ငံ ရေးအခြေအနေများ၊ ပါတီ၏ယနေ့ အမျိုးသားရေးဆောင်ရွက်ချက်များ၊ ကြားဖြတ်ရွေးကောက်ပွဲတွင်ဆောင် ရန်ရှောင်ရန်အချက်များကိုရှင်းလင်း ဆွေးနွေးကြသည်။

Read more

ကျေးရွာဖွံ့ဖြိုးရေးဆွေးနွေး

 

ရပ်စောက်မြို့နယ် အလည် ချောင်ကျေးရွာအုပ်စု ထင်းရှူး ပြားကျေးရွာသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် သြဂုတ် ၂၇ ရက် နံနက်ပိုင်းက ပြည်သူများနှင့်သွားရောက်တွေ့ဆုံ ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး များကိုညှိနှိုင်းဆွေးနွေးခဲ့ကြစဉ်။

YS


Read more

တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူပွဲကျင်းပ

 

ရန်ကုန် သြဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီတို့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဝါဆို ဝါကပ် သတင်းသုံးတော်မူကြသော သံဃာတော်အရှင်သူမြတ်အပါး ၁၁ဝ တို့အား စုပေါင်းဆွမ်းလောင်းပွဲအား ယနေ့ နံနက် ၉ နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ကျင်းပရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာသိန်းဇော်မြင့်နှင့် ကော်မတီဝင်များ၊ ရပ်/ကျေးပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌများ တက်ရောက်ကြောင်းသိရသည်။

Read more

မိုးနဲမြို့နယ် မယ်ဇလီမြိုင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကျင်းပ

 

မိုးနဲ သြဂုတ် ၂၈

Read more