Year: 2026
၂၀၁၇-၁၈ ရာသီအတွက် UEFA အကောင်းဆုံးသွင်းဂိုးဆုကို စီရော်နယ်လ်ဒို ဆွတ်ခူး

ပြီးခဲ့တဲ့ရာသီအတွက် ယူအီးအက်အေရဲ့ အကောင်းဆုံးဂိုးဆုကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့တွင် စီရော် နယ်ဒိုသွင်းယူခဲ့တဲ့ ဂိုးက ရရှိခဲ့ကြောင်းသိရပါတယ်။
စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီက ရီးရဲလ်-ဂျူဗင်တပ်တို့တွေ့တဲ့ပွဲစဉ် မှာ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူ နိုင်ခဲ့တာဖြစ်ပါတယ်။
စီရော်နယ်ဒိုရဲ့ သွင်းဂိုးမှာ နည်းစနစ်ပိုင်းအရ လှပတဲ့ဂိုးတစ်ဂိုး ဖြစ်တာကြောင့် ဂျူဗင်တပ်ပရိသတ်များ ကပင် လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။
Read moreအင်္ဂလန်လက်ရွေးစင်အသင်းမှ ဗာဒီနဲ့ ကာဟေးလ်တို့ အနားယူ

လက်စတာအသင်းတိုက်စစ်မှူး ဗာဒီနဲ့ ချဲလ်ဆီးနောက်ခံလူ ကာဟေးလ်တို့ဟာ အင်္ဂလန်လက်ရွေးစင် အသင်းမှ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပြီး အဆိုပါကိစ္စကို နည်းပြဆောက်ဂိတ်ကလည်း သဘောတူလက်ခံလိုက်ကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဗာဒီဟာ အင်္ဂလန်အတွက် ပွဲပေါင်း ၂၆ ပွဲကစားပေးခဲ့ပြီး သွင်းဂိုး ၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။
Read moreဆိုဗီယက်ခေတ်နောက်ပိုင်း ရုရှား၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်

ဆိုဗီယက် ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း ရုရှားတွင် အကြီးကျယ်ဆုံး စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ရပ်ကို စတင်သွားမည်ဟု သိရသည်။
Vostok-2018 စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလအတွင်း ရုရှားနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ စစ်ဒေသများတွင် ပြုလုပ်သွားမည်ဟု ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူက ပြောကြားခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုတွင် စစ်မှုထမ်း သုံးသိန်းနီးပါး၊ လေယာဉ်ပေါင်း တစ်ထောင်ကျော်၊ ရုရှား၏ ရေတပ်မကြီး နှစ်ခု၊ လေထီးတပ်ဖွဲ့များ အားလုံး စုပေါင်း ပါဝင်ကြမည် ဖြစ်သည်။
Read moreဂျာနယ်လစ်များ လေးစားကြရန် မန်ယူနည်းပြ မော်ရင်ဟို တောင်းဆို

အိမ်ကွင်း၌ စပါးကို သုံး ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် မန်ယူနည်းပြ မော်ရင်ဟိုက ဂျာ နယ်လစ်များအနေဖြင့် လေးစား မှုရှိကြရန် တောင်းဆိုပြီး သတင်းစာရှင်းလင်းခန်းမှ စိတ်ဆိုးမာန် ဆိုး ထွက်ခွာသွားသည်။ ယခုရလဒ်ကြောင့် မော်ရင် ဟိုသည် ၎င်း၏ နည်းပြဘဝအ တွင်း ပြိုင်ပွဲအရပ်ရပ် အိမ်ကွင်း အကြီးမားဆုံး ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပရီးမီးယားလိဂ်အစ သုံးပွဲတွင် ပထမအကြိမ် နှစ်ပွဲရှုံးနိမ့်မှု ကြုံတွေ့ခြင်းဖြစ်သည်။
Read moreဩစတြေးလျ ဝန်ကြီးချုပ် အဖြစ်မှ နုတ်ထွက်ရပြီးနောက် လွှတ်တော်ကိုပါ စွန့်ခွာရန် တန်းဘူးလ် ဆုံးဖြတ်

ရာထူးမှ နုတ်ထွက်ခဲ့ရသည့်နောက် လွှတ်တော် အမတ် နေရာကိုပါ စွန့်ခွာသွားမည်ဟု ဩစတြေးလျ ဝန်ကြီးချုပ်ဟောင်း မယ်လ်ကွမ် တန်းဘူးလ်က ပြောကြားခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်က အာဏာရ ဗဟို လက်ယာယိမ်း လစ်ဘရယ်လ် ပါတီ၏ လွှတ်တော်ကို ထိန်းချုပ်ထားနိုင်မှုအပေါ် ခြိမ်းခြောက်မှုများ ရှိလာနိုင်သည်။ တန်းဘူးလ်သည် ပါတီတွင်း ဆန့်ကျင်မှုများ ကြုံခဲ့ရသည့်နောက် ပြီးခဲ့သည့် သီတင်းပတ်က ဝန်ကြီးချုပ် ရာထူးကို စကော့ မော်ရစ်ဆန်ထံ လွှဲပြောင်းပေးခဲ့ရသည်။
Read moreFacebook ၊ Google နဲ့ Twitter တို့ သတိထားနေကြဖို့ ဒေါ်နယ်ထရမ့် သတိပေး

သြဂုတ် ၂၉
နည်းပညာကုမ္ပဏီကြီး Google အနေနဲ့ ၎င်းနဲ့ ၎င်းအား ထောက်ခံသူတွေအပေါ်မှာ မမျှမတ ဘက်လိုက်ဖိနှိပ်ဆက်ဆံမှုတွေ ရှိခဲ့တယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်ခိုက်ပြောကြား လိုက်ရင်းနဲ့ ပြည်တွင်းအင်တာနက်ကုမ္ပဏီကြီးတွေအပေါ် ဝေဖန်ထိုးနှက်မှုတွေ ထပ်မံတိုးမြှင့်လုပ်ဆောင် လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။
Read moreနတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဓမ္မစကြာရွတ်ဖတ်ပူဇော်
နတ်မောက်၊ သြဂုတ် ၂၇
မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဘုရား တရား သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတော်များကို နှ လုံးသွင်းပြီး နတ်မောက်မြို့ ကန်ကြီးရပ်ကွက် ဓမ္မစကြာ ဝတ်အသင်းကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်အေးမာကြူ ဦးဆောင်ပြီး ၁၃၈ဝ ပြည့်နှစ် ဝါခေါင်လပြည့် ညချမ်းချိန်ခါဝယ် ဓမ္မစကြာတရားတော် လာရွတ်ဖတ်ခြင်း၊ ထိခြင်းငါးပါးဖြင့် ရိုသေစွာရှိခိုးခြင်း၊ မေတ္တာပို့ခြင်း၊ အမျှဝေခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ သာသနာတော် တည်တံ့ပြန့်ပွားရေးဆောင်ရွက်ခြင်း စသည့် လက္ခဏာရေးသုံးပါး ဆင်ခြင်ခြင်းတို့ ဖြစ်သည့် အိမ်တွင်းသာသနာပြုလုပ်ခြင်း၊ ရပ်ရွာအတွင်း သာသနာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။



