ပါကစ္စတန်အတွက် စစ်ရေးအကူအညီပေးမှု အမေရိကန်ဖျက်သိမ်း

ပါကစ္စတန်နိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၃၀၀ ပေးမယ့် ကိစ္စကို ဖျက်သိမ်းဖို့ အမေရိကန်စစ်တပ်က စီစဉ်နေပြီဖြစ်ပါတယ်။ ဒါဟာ ယင်းဒေသတွင်း အမေရိကန်ရဲ့ မဟာဗျူဟာကို ထောက်ကူပံ့ပိုးပေးမယ့် တိကျပြတ်သားတဲ့ ဆုံးဖြတ်လုပ်ဆောင်မှုမျိုး ပါကစ္စတန်တို့မှာ ရှိမနေတဲ့အတွက် ခုလို ရပ်ဆိုင်းရတာဖြစ်ကြောင်း ပင်တဂွန်က ပြောပါတယ်။

Read more

ဂျပန်ကာကွယ်ရေးအသုံးစရိတ် ၂ ဆကျော် ပိုတောင်း

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆကျော် တိုးပြီး တောင်းခံထားပါတယ်။ အဲဒီထဲမှာ မြောက်ကိုရီးယားရန်ကို ကာကွယ်ဖို့အတွက် ဈေးကြီးတဲ့ အမေရိကန် စစ်လက်နက်ပစ္စည်းတွေ ဝယ်ဖို့လည်း ပါဝင်ပါတယ်။

Read more

ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ဆုကို ဒေးဗစ်ဘက်ဟမ်းဆွတ်ခူး

မန်ယူနဲ့အင်္ဂလန်လက်ရွေးင်ဟောင်း ဒေးဗစ်ဘက်ဟမ်းဟာ ယူအီးအက်ဖ်အေဥက္ကဋ္ဌ ကပေးအပ်တဲ့ 2018 UEFA president’s award ကို ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။

Read more

ကုလစုံစမ်းရေးတွေ့ရှိချက် မပြည်စုံနိုင်ဟု Stimson Center သုတေသီသုံးသပ်

လူမျိုးတုံးရှင်းလင်းရေး ရည်ရွယ်ချက်နဲ့ ရိုဟင်ဂျာ မူဆလင်တွေကို ရှင်းလင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ စစ်တပ် တာဝန်ရှိသူတွေကို စွဲချက်တင်ဖို့ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့ရဲ့ အစီရင်ခံစာကို မြန်မာ အစိုးရက လက်မခံ ပယ်ချခဲ့ပါတယ်။ မြန်မာနိုင်ငံထဲကို ၀င်ရောက်ခွင့်မရဘဲ ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းပြီး ထုတ်ပြန် လိုက်တဲ့ ကုလအစီရင်ခံစာက မပြည့်စုံဘူးလို့ အမေရိကန် အခြေစိုက် Stimson Center ရဲ့ အရှေ့အာရှရေးရှာ အစီအစဉ်ရဲ့ တွဲဖက် ညွှန်ကြားရေးမှူး၊ တရုတ်ဆိုင်ရာ အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး Yun Sun က သုံးသပ်ပါတယ်။ CCTV သတင်းတပုဒ်ကို မသိင်္ဂီထိုက် ပြန်ပြောပြမှာပါ။

Read more

လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံတဲ့ လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များ

လိဂ်ဖလား (ကာရာဘောင်ဖလား) ပြိုင်ပွဲရဲ့ တတိယအဆင့်မဲခွဲပွဲကို သြဂုတ် ၂၀ ရက်က ပြုလုပ်ကျင်းပသွားခဲ့ရာ ပရီးမီးယားလိဂ်အသင်းကြီးနှစ်သင်းဖြစ်တဲ့ လီဗာပူးလ်နှင့် ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အန်ဖီးလ်မှာ ကစားရမှာဖြစ်ပါတယ်။

လိဂ်ဖလားလက်ရှိချန်ပီယံ မန်စီးတီးအသင်းမှာ အောက်စ်ဖို့ဒ်အသင်းနဲ့ တွေ့ဆုံခဲ့ပြီး မန်ယူအသင်းကတော့ အိမ်ကွင်းမှာ ဖရန့်လမ်းပတ်ကိုင်တယ်နေတဲ့ ဒါဘီကောင်တီအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

Read more

ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် မန်ယူနှင့် ဂျူဗင်တပ်တို့ တွေ့ဆုံ

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းက အသင်းဟောင်း မန်ချက်စတာယူနိုက်တက်နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ မန်ယူနဲ့ ဂျူဗင်တပ်တို့ဟာ အုပ်စု အိတ်ခ်ျမှာ ဗလင်စီယာ၊ ယန်းဘွိုင်းစ်အသင်းတို့နဲ့ ကျရောက်ပါတယ်။ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်က အုပ်စု ဂျီမှာ ရိုးမား၊ စီအက်စ်ကေအေမော်စကို၊ ဗစ်တိုရီးယားပိုဇန်တို့ ယှဉ်ပြိုင်ရမှာပါ။

Read more

UEFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ခရိုအေးရှားနဲ့ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ် ရရှိ

ခရိုအေးရှားနဲ့ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်ဟာ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ မိုဒရစ်ဟာ နောက်ဆုံးဆန်ခါတင်စာရင်းမှာ ရီးယဲလ်မက်ဒရစ် အသင်းဖော်ဟောင်း စီရော်နယ်ဒို၊ လီဗာပူး တိုက်စစ်မှူး ဆာလက်တို့နဲ့ အတူယှဉ်ပြိုင်ခဲ့ရပါတယ်။

မိုဒရစ်မှာ ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံး သုံးနှစ်ဆက်ရယူနိုင်ခဲ့သူဖြစ်ပြီး ခရိုအေးရှား အသင်းနဲ့ 2018 ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာကြောင့်လည်း စီရော်နယ်ဒိုနဲ့ ဆာလက်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

Read more

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကနေ နုတ်ထွက်မည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

သြဂုတ် ၃၁

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO) အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ မလုပ်ဘူးဆိုပါက ယင်းအဖွဲ့ကြီးကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်မယ်ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောကြားသွားကြောင်း သိရပါတယ်။

အဆိုပါ ခြိမ်းခြောက်စကားကိုတော့ ထရမ့်က သြဂုတ် ၃၀ ရက်နေ့က Bloomberg သတင်းဌာနဲ့ အင်တာဗျူးတစ်ရပ်မှာ ပြောကြားသွားခြင်းလည်း ဖြစ်ပါတယ်။

Read more

အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနား

 

၂၀၁၈ -ခုနှစ် ၊ သြဂုတ်လ(၃၁) ၊ မိုင်းပျဉ်း

Read more

ပြည်ထောင်စုနယ်မြေပါတီဥက္ကဌဦးဝေလွင် ရေပြာကျေးရွာ ပါတီဝင်လူငယ်များအား သွားရောက်တွေ့ ဆုံအားပေး

 

သြဂုတ်-၃၁

ပုဗ္ဗသီရိမြို့ နယ် သပြေကုန်းအုပ်စု ရေပြာကျေးရွာမှ ပါတီဝင်လူငယ်များ နှင့်တွေ့ ဆုံပွဲ အခမ်းအနားကို ယနေ့ (၃၁.၈.၂၀၁၈) ရက်နေ့  နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

Read more