ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ရေးပစ္စည်းများပေးအ

 

ရန်ကုန် စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီးတောင် ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၊ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီနှင့် စေတနာ ရှင်များစုပေါင်း၍ သနပ်ပင်မြို့နယ် ကျွဲဖြူချောင်းကျေးရွာတွင် ဒီရေ ဝင်ရောက်မှုကြောင့် ရေကြီးနစ်မြုပ် သည့် အိမ်ထောင်စုပေါင်း ၃၅ဝ ကျော်အား ရေသန့်ဘူး၊ ခေါက်ဆွဲ ခြောက်၊ အဝတ်အထည်၊ အချိုရည် ဘူးနှင့် အခြားအိမ်သုံးပစ္စည်းများ ယနေ့မွန်းလွဲပိုင်းက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

Read more

ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင် အသစ်များ ဝင်ရောက်ရန်အဆိုပြု ဗဟိုအတွင်းရေးမှူး တက်ရောက်ကြိုဆို

 

စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သို့ ဝင်ရောက်ရန် ပါတီဝင်သစ် (၁၆၀၈) ဦးတို့က ပါတီဝင်အဆိုပြလွာများ စုပေါင်းပေးအပ်ခဲ့ပါသည်။
ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် တက်ရောက်ကြိုဆို နှုတ်ခွန်း ဆက်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာ မောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် ပါတီကော်မတီဝင်များလည်း တက်ရောက်ခ့ကြပါသည်။

Read more

အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ပါတီရုံးတွင် ဆရာတော်သံဃာတော်ကြီးများအားပင့်ဖိတ်၍ နေ့ဆွမ်းကပ်လှူခဲ့ပြီး၊ဝါဆိုသင်္ကန်းများ၊ လှူဖွယ်ဝတ္ထုများလည်း ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

အောင်လံမြို့နယ် ပါတီကော်မတီအဖွဲ့ဝင်များ၊ ပါတီဝင်များနှင့်အတူ ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး ၊ အတွင်းရေးမှူး ဦးဆန်းညွန်းအောင်နှင့် ကော်မတီဝင်များ တက်ရောက်ပြီး ဆရာတော်ကြီးများထံမှ တရာတော်များကို အတူတကွ နာယူခဲ့ ကြပါသည်။

Read more

ကျောက်တန်းမြို့နယ်ပြည်ခိုင်ဖြိုးပညာရည်ချွန်ဆုပေးပွဲဗဟိုအတွင်းရေးမှုးနှင့်ဗဟိုအလုပ်အမှုဆောင်များတက်ရောက်

 

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်ကျောက်တန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကိုစက်တင်ဘာလ(၂)ရက်နံနက် (၉)နာရီကကျောက်တန်းပြည်ခိုင်ဖြိုးပါတီနှင့်TRI ပညာရေးဖေါင်ဒေးရှင်းတို့ပူးပေါင်း၍ကျာက်တန်းမြို့နယ်အာသောကာရာမပရိယတ္တိစာသင်တိုက်တွင်ကျင်းပကြောင်းသိရှိရသည်။
အဆိုပါပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှုးဦးသန်းထွန်းပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းတာဝန်ခံဦးခင်ရီရန်ကုန်တိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးပါတီဗဟိုကော်မတီဝင်ဦးအုန်းမြင့်ရန်ကုန်တိုင်းပါတီအတွင်းရေးမှုးဦးသာဝင်းနှင့်တိုင်းပါတီကော်မတီဝင်များတောင်ပိုင်းခရိုင်ပါတီဥက္ကဌနှင့်ကော်မတီဝင်များမြို့နယ်ပါတီဥက္ကဌဦးမောင်မောင်တာနှင့်မြို့နယ်ပါတီကော်မတီဝင်များပညာရည်ထူးခွန်ဆုရကျောင်းသားကျောင်းသူ(၁၉၁)ဦးနှင့်ကျောင်းသားမိဘများနှင့်TRI ပညာရေးဖေါင်ဒေးရှင်းမိသားစုများတက်ရောက်ကြသည်။

အစီအစဉ်အရနိုင်ငံတော်သီချင်းသီဆို၍အခမ်းအနားကိုဖွင့်လှစ်သည်။

ထို့နောက်ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်ခံပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီမှအမှာစကားပြောကြားရာတွင်ယနေ့တက်ရောက်လာကြသည့်ပညာရည်ချွန်ဆုရရှိခဲ့ကြသည့်ပါတီဝင်မိသားစုများ၏သားသမီးများနှင့်တွေ့ဆုံရသည့်အတွက်များစွာဝမ်းသာမိပါကြောင်းပြည်ခိုင်ဖြိုးပါတီသည်လူငယ်လူရယ်မျိုးဆက်သစ်များကိုအစဉ်အမြဲမြေတောင်မြှောက်ချီးမြှင့်ခဲ့သည့်ပါတီဖြစ်ကြောင်းပါတီသည်လူ့စွမ်းအားအရင်းအမြစ်ပြည့်ဝပြီးအတွေ့အကြုံ မြင့်မားသည့်ပါတီဝင်များဖြင့်ဖွဲ့စည်းထားသည့်ပါတီဖြစ်၍ပါတီသည်နိုင်ငံတော်၏တာဝန်များကိုထမ်းဆောင်ရန်အဆင်သင့်ရှိနေသည့်ပါတီဖြစ်ကြောင်းယနေ့ပညာရည်ထူးချွန်ဆုရရှိကြသည့်သားငယ်သမီးငယ်များသည်လည်းနောင်တချိန်နိုင်ငံ့တာဝန်ထမ်းဆောင်ခွင့်ရရှိသည့်အချိန်တွင်အရည်အသွေးပြည့်ဝသည့်လူငယ်လူရွယ်မျာ့းဖြစ်ရန်ကြိုးစားကြစေခြင်ကြောင်းမှာကြားသည်။

ဆက်လက်၍TRI ပညာရေးဖေါင်ဒေးရှင်းမှပါတီဗဟိုကော်မတီဝင်ဦးအုန်းမြင့်မှပညာရည်ထူးချွန်ဆုချီးမြှင့်ရခြင်းအကြောင်းကိုအကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက်ပါတီဗဟိုအတွင်းရေးမှုးနှင့်ပါတီဗဟိုအလုပ်အမှုဆောင်များတာဝန်ရှိပုဂ္ဂိုလ်များလူမှုရေးအဖွဲ့ဝင်များမှပညာရည်ထူးခွန်ဆုရရှိသည့်ပါတီဝင်မိသားစုများ၏သားသမီးများအားဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက်ဆုရရှိသည့်ကျောင်းသားကျောင်းသူများကိုယ်စားပန်းတောစံပြကျေးရွာမှ(၅)ဘာသာဂုဏ်ထူးရှင်မသက်ထက်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးထူးချွန်ဆုရရှိကြသည့်ကျောင်းသားကျောင်းသူများနှင့်အမှတ်တရဓာတ်ပုံရိုက်ကြကြောင်းသိရှိရသည်။

ထိန်ဝင်း(YGN)


Read more

(၁၂)နှစ်အကြာ အိုလံပီယာကို့စ်ကို ပြန်လည်ရောက်ရှိခဲ့တဲ့ ယာယာတိုရေးကို အသင်းပရိသတ်ရာပေါင်းများစွာ ကြိုဆို

(၁၂)နှစ်ကြာပြီးနောက် အိုလံပီယာကို့စ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပြန်လည်ရောက်ရှိခဲ့တဲ့ ကွင်းလယ်လူယာယာတိုရေးကို အသင်းပရိသတ်ရာပေါင်းများစွာက ကြိုဆိုခဲ့ကြပါတယ်။ အသက်(၃၅)နှစ်အရွယ် တိုရေးဟာ တနင်္ဂနွေနေ့က ကာရက်ကိုင်ကစ်ကွင်းမှာ အိုလံပီယာကို့စ်ပရိသတ်တွေရဲ့ နွေးနွေးထွေးထွေး ကြိုဆိုမှုကို ရရှိခဲ့တာပါ။

အိုလံပီယာကို့စ်အသင်းအတွက် ယာယာတိုရေးနောက်ဆုံးကစားခဲ့တာက ၂၀၀၅-၀၆ ဘောလုံးရာသီဖြစ်ပါတယ်။ သူဟာ အခုနွေရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့သူပါ။

Read more

တောင်ကိုရီးယားအသင်း အာရှပြိုင်ပွဲဗိုလ်စွဲ၊ ဆွန်ဟောင်မင် စစ်မှုထမ်းတာဝန်ကင်းလွတ်

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပနေသော အာရှအားက စားပြိုင်ပွဲ ဘောလုံးဗိုလ်လုပွဲတွင် တောင်ကိုရီးယားအသင်းက ဂျပန်အသင်းကို အချိန်ပိုဂိုးများ သွင်းယူကာ ၂-၁​ဂိုးဖြင့် အနိုင်ရရှိ ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။

ယင်းအတွက် ပရီးမီးယားလိဂ် စပါးအသင်းမှ ဆွန်ဟောင်မင်သည် တောင်ကိုရီးယားအမျိုးသားတိုင်း မဖြစ်မနေ ထမ်းဆောင်ရသည့် စစ်မှုထမ်းတာဝန်မှ ကင်းလွတ်ခွင့်ရရှိခဲ့သည်။

Read more

ဖိလစ်ပိုင်သမ္မတ အစ္စရေးလ်ခရီးစဉ် လက်နက်ဝယ်ဖို့ကိစ္စပါနိုင်

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ဟာ ဒေသတွင်းခရီးစဉ်တခုအဖြစ် တနင်္ဂနွေနေ့က အစ္စရေးလ်နိုင်ငံမှာ ရောက်နေပါတယ်။ အခုခရီးစဉ်ဟာ နှစ်နိုင်ငံအကြား နှစ်ပေါင်း ၆၀ ကျော် သံတမန်ဆက်ဆံရေးအတွင်း ဖိလစ်ပိုင် ခေါင်းဆောင်တဦးအနေနဲ့ အစ္စရေးလ်နိုင်ငံ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ နှစ်ပေါင်းများစွာ အမေရိကန် စစ်လက်နက်ပစ္စည်းနဲ့ အကူအညီတွေပေါ် မှီခိုလာရာကနေ သမ္မတဒူတာတေး လက်ထက်မှာ အဲဒီအခြေအနေကို ပြောင်းလဲပြီး တရုတ်၊ ရုရှားတို့နဲ့ ပိုပြီး အနီးကပ်ဆက်ဆံ လာသလို စစ်လက်နက်ပစ္စည်းတွေကို အစ္စရေးလ်ဆီကနေ ပြောင်းလဲ ဝယ်ယူလာနေတာဖြစ်ပါတယ်။

Read more

ဒေ့ဗ်နှင့် ထွန်းထွန်းမင်း မကျေပွဲ ဒီဇင်ဘာ ၉ ရက် ကျင်းပမည်

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ်နှင့် တစ်ကျော့ပြန် ချန်ပီယံဟောင်း ထွန်းထွန်းမင်းတို့ ဒီဇင်ဘာ ၉ ရက်တွင် မကျေပွဲ ယှဉ် ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း ပွဲ စီစဉ်သူ ဦးဝဏ္ဏက ပြောသည်။

အဆိုပါစိန်ခေါ်ပွဲကို ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ပြိုင်ပွဲကျင်းပမည့်နေရာကိုမူ မဆုံးဖြတ်ရသေးကြောင်း ဦးဝဏ္ဏက ဆိုသည်။

Read more

စစ်ရေးပြပွဲကြီးလုပ်ဖို့ မြောက်ကိုရီးယား ပြင်ဆင်နေ

၂၀၁၈ ဧပြီလတုန်းက ကျင်းပတဲ့ မြောက်ကိုရီးယား စစ်ရေးပြပွဲပြီး

ကိုရီးယားကျွန်းဆွယ်ကို နျူကလီယားလက်နက်ကင်းစင်တဲ့ ဒေသအဖြစ်လုပ်ဆောင်ဖို့ ကြိုးစားနေမှုတွေ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေချိန်မှာပဲ မြောက်ကိုရီးယားက စစ်ရေးပြပွဲတခုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ တင့်ကားတွေ၊ လေယာဉ်ပစ်ဒုံးကျည်တွေ၊ ရော့ကက်လောင်ချာတွေ အပါအဝင် ခြေမြန်တပ်သားတွေနဲ့ လက်နက်မျိုးစုံပါဝင်တဲ့ စစ်ရေးပြပွဲတခု မြောက်ကိုရီးယားမှာ ပြသဖို့ ပြင်နေတာကို ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေမှာ တွေ့ရပါတယ်။

Read more

ပါလက်စတိုင်း ဒုက္ခသည်များကို ဝိုင်းဝန်းကူညီကြရန် ဂျော်ဒန် တောင်းဆို

ပါလက်စတိုင်း ဒုက္ခသည်တွေကို ဝိုင်းဝန်းကူညီကြဖို့ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီက နိုင်ငံတကာ အသိုက်အဝန်းကို သြဂုတ် ၃၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံဟာ ပါလက်စတိုင်းဒုက္ခသည် ၅ သန်းကို ထောက်ပံ့ပေးနေတဲ့ ကုလသမဂ္ဂ အကူအညီအပေါ် ငွေကြေးထည့်ဝင်မှုကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဖြတ်တောက်မှုကြောင့် ပါလက်စတိုင်းဒုက္ခသည် အများဆုံးလက်ခံထားရာ ဂျော်ဒန်နိုင်ငံ အထိနာမှာ ဖြစ်ပါတယ်။

Read more