အမေရိကန်ကို အရေးယူဖို့ WTO မှာ တရုတ် တင်ပြမည်

Photo: AP Photo/Mark Schiefelbein

အမေရိကန်ပြည်ထောင်စုက ပို့ကုန်တွေအပေါ်မှာ ဒေါ်လာ ၇ ဘီလီယံ တန်ဖိုးရှိမယ့် အခွန်ငွေနဲ့ ကုန်သွယ်မှုဆိုင်ရာ တားမြစ် ကန့်သတ်ချက်တွေ ချမှတ်ခွင့်ပြုဖို့ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို တရုတ်နိုင်ငံက လာမယ့်အပတ်မှာ တင်ပြတောင်းဆိုမယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

Read more

မုန်တိုင်းကြောင့် ဖြစ်လာမည့် ပျက်စီးမှုများအတွက် အစွမ်းကုန်ကူညီမည်ဟု ထရမ့် ပြော

ကယ်ရိုလိုင်းနားပြည်နယ်ကို ဝင်ရောက်နိုင်ချေရှိတဲ့ ဟာရီကိန်းမုန်တိုင်းကြောင့် ဖြစ်လာနိုင်တဲ့ ပျက်စီးမှုတွေ အတွက် ပြည်ထောင်စုအစိုးရက အစွမ်းကုန် ကူညီသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

ငွေကြေးဘယ်လောက်ပဲကုန်ကုန် ကူညီသွားမယ်လို့ သမ္မတ ထရမ့်က အိမ်ဖြူတော်မှာ ထိပ်တန်းအရာရှိတွေ၊ သဘာဝဘေးအန္တရာယ် စီမံရေးဆိုင်ရာ ပြည်ထောင်စုအဆင့် အရာရှိတွေနဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်တာပါ။

Read more

၁၉၈၁ နောက်ပိုင်း အကြီးဆုံး စစ်ရေးလေ့ကျင့်ပွဲ ရုရှား စတင်

ရုရှားနိုင်ငံမှာ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးနောက်ပိုင်း အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်ပွဲ၊ Vostok 2018 ကို အင်္ဂါနေ့က စတင်ပြုလုပ်ပါတယ်။ စစ်သည်အင်အား ၃သိန်းကျော်၊ လေယာဉ်ပျံ အစင်း ၁ဝဝဝ ကျော်၊ ရုရှားရေတပ်ဖွဲ့ကြီး ၂ ခု၊ တင့်ကား ၃၆ဝဝဝ ခန့် ပါဝင်ပါတယ်။ ဒါ့အပြင် ဒီစစ်ရေးလေ့ကျင့်ပွဲမှာ တရုတ်နဲ့ မွန်ဂိုးလီးယား တပ်ဖွဲ့တွေလည်း ပါဝင်ပါလိမ့်မယ်။ ရုရှားနဲ့ တရုတ်နိုင်ငံတွေအနေနဲ့ အရင်ကလည်း ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပေမယ့် အခုလောက် ကြီးမားတဲ့ လေ့ကျင့်ပွဲမျိုး မရှိခဲ့ပါဘူး။

Read more

Alibaba ပူးတွဲ မတည်သူ ကုဋေကြွယ်သူဌေးကြီး Jack Ma နောက်နှစ်အနားယူတော့မည်

တရုတ်နိုင်ငံက ကမ္ဘာကျော် အွန်လိုင်း စီးပွါးရေးလုပ်ငန်းကြီး တခုဖြစ်တဲ့ Alibaba ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Jack Ma ဟာ တာဝန်ကနေ အနားယူတော့မှာ ဖြစ်ပါတယ်။

Read more

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံကို ကြိုဆိုထောက်ခံသောအားဖြင့် စာရေးကိရိယာများ လှူဒါန်း

 

ပန်းတနော်၊ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်မိုးအေးနှင့် ရုံးအဖွဲ့ဝင်များသည် အမျိုးသမီးညီလာခံ (၂ဝ၁၈) အားကြိုဆိုထောက်ခံသည့်အနေဖြင့် ပန်းတနော်မြို့နယ် ဆပ်သေကျေးရွာအုပ်စု ဘုရားကြီးဒေါင့်ကျေးရွာရှိ ရွှေဇင်အေးဘုန်းတော်ကြီးသင်ပညာရေးမူလတန်း (လွန်) ကျောင်းမှ ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ် များလှူဒါန်းပွဲကို ယနေ့နံနက်၁ဝနာရီက အဆိုပါကျောင်းတွင်ပြုလုပ် ခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းများအားသွားရောက်တွေ့ဆုံ

 

ဖားကန့် စက်တင်ဘာ ၁၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ဦးစိုင်းသိန်းထွန်းနှင့် ဖားကန့်မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ် တို့သည် ယမန်နေ့နံနက်ပိုင်းက ဆိပ်မူ ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာနေ ဦးမောင်မြင့်နေအိမ်၌ ပါတီဝင် ဟောင်းများ၊ ပါတီလိုလားသူများ စုစုပေါင်း ၅၅ ဦးတို့အား ရင်းရင်း နှီးနှီး သွားရောက်တွေ့ဆုံကာ ပြည်သူ့အသံ နားထောင်ခြင်း၊ ပြည်သူ့ဆန္ဒ မှတ်သားခြင်းနှင့် လက်ရှိနိုင်ငံရေး အခြေအနေများ နှင့်စပ်လျဉ်း၍ ”စဉ်းစားပြီး ထိုင် မနေနဲ့”ခေါင်းစဉ်ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Read more

ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ စာစီစာကုံးပြိုင်ပွဲဆုများချီးမြှင့်

 

ကနီ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာခရိုင် ကနီမြို့နယ် တွင်ကျင်းပသော မြို့နယ်ကြက်ခြေနီအသင်း ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့စာစီစာကုံးနှင့် ကျပန်းစကားပြော ပြိုင်ပွဲ ဆုပေးအခမ်းအနားသို့ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌဦးကျန်ထွန်းနှင့် အတွင်းရေးမှူးဒေါ်မာမာဦးတို့ တက်ရောက်ခဲ့သည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲ၌ဆုရရှိသည့် ကျောင်း သားများအား ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် ပထမဆုရရှိ သောကျောင်းသားအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျန်ထွန်းကလည်းကောင်း၊ ဒုတိယဆုနှင့်တတိယ ဆုရရှိသောကျောင်းသားများကို အတွင်းရေးမှူး ဒေါ်မာ မာဦး(အမျိုးသမီးတာဝန်ခံ)ကလည်းကောင်းအသီးသီး ဆုများချီးမြှင့်ပေးခဲ့ကြသည်။

Read more

ပွင့်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

 

ပွင့်ဖြူ စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီ ဝင်များနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌ များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကိုယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ် ကော်မတီရုံး အစည်းအဝေးခန်းမ တွင်ကျင်းပရာအစည်းအဝေးကို မြို့ နယ်ပါတီအတွင်းရေးမှူး ဦးဆန်း ထွန်း၊ကော်မတီဝင်များဖြစ်ကြသော ဦးသန်းကို၊ ဦးတင်ဝင်းမောင်၊ ဦးအောင်ကျော်ဦးနှင့် ရပ်/ကျေး ပါတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များတက် ရောက်ကြသည်။

Read more

ဒဂုံ​မြောက်​ ပြည်​ခိုင်​ဖြိုးပါတီမှ အမျိုးသမီးနှီး​နှောဖလှယ်​ပွဲအတွက်​ ပါတီဝင်​အမျိုးသမီးများအား​တွေ့ဆုံ

 

ရန်​ကုန်​ စက်​တင်​ဘာ ၁၁

ရန်​ကုန်​တိုင်း​ဒေသကြီး ၊ဒဂုံမြို့သစ်​ ​မြောက်​ပိုင်းမြို့နယ်​၊ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီမှ ပြုလုပ်​မည့်​ အမျိုးသမီးနှီး​နှောဖလှယ်​ပွဲအတွက်​ ယ​နေ့ ​နေ့လည်​ ၂ နာရီက အမှတ်​ (၅၀) ရပ်​ကွက်​ရှိ ရပ်​ကွက်​ပါတီ​ကော်​မတီဝင်​များနှင့်​ အမျိုးသမီးအဖွဲ့ဝင်​များအား ကွင်းဆင်း​တွေ့ဆုံခဲ့ပါသည်​။
အဆိုပါ​တွေ့ဆုံပွဲတွင်​ ဒဂုံ​မြောက်​ပြည်​ခိုင်​ဖြိုးပါတီ အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်ဝင်းဝင်း​အောင်​မှ မိမိပါတီတွင်​ မကြာမီပြုလုပ်​မည့်​ အမျိုးသမီးညီလာခံနှင့်​ မြို့နယ်​ တွင်​ အရင်​ပြုလုပ်​မည့်​ အကြိုနှီး​နှောဖလှယ်​ပွဲပြုလုပ်​မည့်​လုပ်​ငန်းစဉ်​များနှင့်​ အမျိုးသမီးကူညီ​စောင့်​​ရှောက်​​ရေးအဖွဲ့၏ လုပ်​​ဆောင်​ချက်​များအား ပါတီဝင်​အမျိုးသမီးများအား အကျယ်​တဝင့်​​ရှင်းလင်း​ပြောကြားပြီး စည်းရုံး​ရေးရာတာဝန်​ခံ မြို့နယ်​ ပါတီ​ကော်​မတီဝင်​ ​ဒေါ်တင်​တင်​​အေးမှလည်း ပါတီဝင်​သစ်​များ​မေးမြန်းသမျှအား ရှင်းလင်း​ပြောကြားခဲ့ပါသည်​။တက်​​ရောက်​လာ​သော အမျိုးသမီးပါတီဝင်​များမှ မရှင်းလင်းသည်​များအား​မေးမြန်းခဲ့ပြီး အဆိုပါ​တွေ့ဆုံပွဲကို ည​နေ ၄နာရီ အထိ ပြုလုပ်​ခဲ့​ကြောင်း သိရှိရပါသည်​။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးနှင့် တိုင်းပါတီဥက္ကဋ္ဌတို့ မြို့နယ် ရပ်ကျေးပါတီဝင်များနှင့်တွေ့ဆုံ

 

မကွေး စက်တင်ဘာ ၁၁

Read more