မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးကျင်းပ

 

မဘိမ်း စက်တင်ဘာ ၁၁

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မဘိမ်းမြို့နယ်ပါတီရုံး၌ ကျင်းပရာ မိုးမိတ်ခရိုင်အတွင်းရေးမှူး ဦးမြင့်လှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးရွာပါတီဥက္ကဋ္ဌများ၊ ပါတီနာယကများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် ပါတီအောင်နိုင်ရေး၊ ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ပါတီတွင်း စည်းလုံးညီညွတ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီး​နှောဖလှယ်​ပွဲကျင်းပ​ရေးလုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ပြုလုပ်

 

မ​ကွေး၊ စက်​တင်​ဘာ ၁၁

မ​ကွေးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ အမျိုးသမီးညီလာခံအကြို နှီး​နှောဖလှယ်​ပွဲ ​အောင်​မြင်​စွာကျင်းပနိုင်​​ရေး လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​မန်နေ့ မွန်းလွဲ ၁ နာရီအချိန်​တွင်​ မ​ကွေးတိုင်း​ဒေသကြီး ပါတီ
အစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ရာ မ​ကွေးခရိုင်​ပါတီဥက္ကဌ ဦးထွန်းရှိန်​၊ ခရိုင်​ပါတီ​ကော်​မတီဝင်​ ဦး​အောင်​နိုင်၊ မ​ကွေးမြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​၊ ဘဏ္ဍာ​ရေးမှူး ​ဒေါ်စုစု​နောင်​နှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များ တက်​​ရောက်​ဆွေး​နွေးခဲ့ကြပြီး လုပ်​ငန်းတာဝန်​များ ခွဲ​ဝေသတ်​မှတ်​ကြကာ မွန်းလွဲ ၂ နာရီအချိန်​တွင်​ ပြီး​မြောက်​ခဲ့​ကြောင်း သိရသည်​။

Read more

အုတ်​တွင်းမြို့နယ်​ ​ပြည်​ခိုင်​ဖြိုးကိုယ်​စားလှယ်​​လောင်း ​ကျောင်းရှစ်​ဆယ်​​ကျေးရွာရှိ မဲဆန္ဒရှင်​ မိဘပြည်​သူများနှင့်​​တွေ့ဆုံ

 

၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ပဲခူးတိုင်း​ဒေသကြီး(အ​ရှေ့ပိုင်း) ​တောင်​ငူခရိုင်​၊ အုတ်​တွင်းမြို့နယ်​ အမှတ်​ (၁) မဲဆန္ဒနယ်​​မြေတွင်​ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးဝင်းမြင့်​သည်​ ယ​နေ့ စက်​တင်​ဘာလ ၉ ရက်​​နေ့ နံနက်​ ၉ နာရီအချိန်​တွင်​ အုတ်​တွင်းမြို့နယ်​ ​ကျောင်းရှစ်​ဆယ်​​ကျေးရွာအုပ်​စု ကျောင်းရှစ်ဆယ်ကျေးရွာရှိ မဲဆန္ဒရှင်​ မိဘပြည်​သူများနှင့်​​တွေ့ဆုံကာ မဲဆွယ်​စည်းရုံး​ရေးစကားများ​ပြောကြားခဲ့သည်​။

Read more

ဖားကန့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ မြို့နယ်တွင်းရှိ ပါတီဝင်ဟောင်းများနှင့်တွေ့ဆုံ

 

ဖားကန့် စက်တင်ဘာ ၁၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးအင်ဖရောင်းဂမ်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းက မှော်ဝမ်းအုပ်စုအပိုင် ရတနာမြေစာပုံဝန်းကျင်ရှိပါတီဝင်ဟောင်းများအား သွားရောက် တွေ့ဆုံ၍”စဉ်းစားချိန်တန်ပြီ” ခေါင်းစဉ်ဖြင့် နိုင်ငံတော်၏ လက်ရှိနိုင်ငံရေးအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)


Read more

ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်

 

ဝန်းသို၊ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၇ /၂ဝ၁၈) ဖွင့်ပွဲကို ယမန်နေ့နံနက် ၉နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ ရပ် ကွက်ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ကြသည်။ သင်တန်းဖွင့်ပွဲတွင် နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ကာ တိုင်းဒေသကြီးကော်မတီဝင် ခရိုင်ပါတီတာဝန်ခံ ဦးအောင်ကျော်ဇံက အမှာစကားပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထိန်မင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ရပ်ကွက်ကျေးရွာအုပ်စုများမှ ပါတီကော်မတီဝင်များနှင့် ပါတီဝင်များ စုစုပေါင်း ၁ဝ၅ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ ယခုလ ၁၄ ရက်အထိဖြစ်ကြောင်း သိရသည်။

Read more

မက်ဆီသာလျှင် ကမ္ဘာ့အကောင်းဆုံးဖြစ်ဟု စပိန်နည်းပြ လူးဝစ်အင်းနရစ် ပြော

ခရိုအေးရှားအသင်း ခေါင်းဆောင် လူကာမိုဒရစ်၏ ပါရမီကို စပိန်နည်းပြ လူးဝစ်အင်းနရစ်က အသိအမှတ်ပြု သော်လည်း အာဂျင်တီးနားလက်ရွေးစင် မက်ဆီသည် ကမ္ဘာပေါ်ရှိ ဘောလုံးသမားတိုင်းထက် ခြေတစ်လှမ်းသာ ကြောင်း အခိုင်အမာပြောကြားသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ဝိုင်းမော် စက်တင်ဘာ ၁၁

ဝိုင်းမော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော် မတီနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စုပါတီကော်မတီများ လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပါတီရုံး၌ ကျင်းပသည်။

Read more

မက္ကဆီကိုကလပ် ဒိုရာဒေါ့စ် နည်းပြဖြစ်လာတဲ့ မာရာဒိုနာ

အာဂျင်တီးနားဂန္ထဝင်ကစားသမား မာရာဒိုနာ ဟာ မက္ကဆီကိုကလပ် ဒိုရာဒေါ့စ် အသင်းနည်းပြ ဖြစ်လာခဲ့ပါပြီ။ အဲဒီလို ဒိုရာဒေါ့စ် နည်းပြဖြစ် လာပြီးတဲ့နောက် မက္ကဆီကိုနိုင်ငံကို သွားရောက် ခဲ့တဲ့အချိန်မှာလည်း မာရာဒိုနာကို မက္ကဆီကို ပရိသတ်တွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ ကြတာကိုလည်း မီဒီယာတွေက ဖော်ပြထားပါတယ်။

Read more

အောင်လအန်ဆန်နှင့် MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည့် ပြိုင်ဘက်ထွက်ပေါ်

MMA ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန် ဆန်နှင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည့်  ပြိုင်ဘက်ကို One Championship က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။

Read more

ကမ္ဘာ့လူဦးရေ သန်း ၈၀၀ ကျော်မှာ အစားအစာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရ

ရာမ၊ စက်တင်ဘာ ၁၂

၂၀၁၇ ခုနှစ်တွင် အစားအစာပြတ်လပ်ခြင်းနှင့် အာဟာရချို့တဲ့သော လူဦးရေဟာ မြင့်တက်ခဲ့ပြီး  ၈၂၁ သန်းအထိ ရှိခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတစ်ရပ်က ဆိုပါတယ်။

အထူးသဖြင့် တောင်အမေရိကနဲ့ အာဖရိကတို့မှာ အာဟာရချို့တဲ့မှု ပိုများကြောင်း အစားအစာလုံခြုံရေးနှင့် အာဟာရပြည့်ဝရေးဆိုင်ရာ ကုလသမဂ္ဂရုံးက ထုတ်ပြန်ပါတယ်။

Read more