သုံးခွမြို့နယ် အမှတ် (၁) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်၊ စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ ပြည်ခိုင်ပါတီ ရုံးတွင် စက်တင်ဘာ (၁၃) ရက်နေ့ မွန်း တည့် ၁၂နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရ သည်။
အခမ်းအနားတွင် မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာသော မြို့နယ်ပါတီကော်မတီဝင်များက မိမိတို့နယ်မြေတိုက်နယ်အလိုက် ဆောင်ရွက်ခဲ့ကြသော လုပ်ငန်းအခြေအနေများနှင့် ဆောင်ရွက်နေမှုများကို တင်ပြကြပြီး ဆွေးနွေးညှိနှိုင်းကာ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ပါတီစည်ရုံးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ တိုက်နယ်တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

Read more

လေးအိမ်စုလူငယ်တွေ့ဆုံပွဲကျင်းပ

 

မအူပင် စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူပင် ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့ နယ်ပါတီကော်မတီဝင်လူငယ်ရေး ရာတာဝန်ခံဦးတင်အောင်ရွှေသည် မအူပင်ခရိုင် လူငယ်တာဝန်ခံဦးဝင်း ကျော်ကျော်နှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီက မအူပင်မြို့နယ် လေးအိမ်စုကျေးရွာအုပ်စုမှ ပါတီ ဝင်ဦးမောင်သိန်းနေအိမ်တွင် လေး အိမ်စုကျေးရွာ လူငယ်များနှင့်တွေ့ ဆုံခဲ့ကြောင်း သိရသည်။

Read more

ကောလင်းပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနှင့် ပြည်သူ့ဆက်ဆံရေးဆင့်ပွားသင်တန်းဖွင့်လှစ်

 

ဝန်းသို စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်ဝန်းသိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုနှင့်ပြည် သူ့ဆက်ဆံရေးဆင့်ပွားသင်တန်းအမှတ်စဉ်(၈/၂ဝ၁၈)ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ ရပ်ကွက်၊ကျေးရွာ အုပ်စုပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက် ကြသည်။

သင်တန်းဖွင့်ပွဲတွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့်နိုင်ငံတော် သီချင်းကိုသံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီးခရိုင်ပါတီဥက္ကဋ္ဌဦးထွန်းအောင်ဝင်း က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်ပါတီ ဥက္ကဋ္ဌဦးအောင်သန်းဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားသည်။

Read more

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ရွှေညောင်ပင်ရပ်ကွက်တွင် စည်းရုံးဟောပြော

 

၂ဝ၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆီဟူးဒွေ့က စက်တင်ဘာ ၁၂ရက်တွင် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်၌ မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးဟောပြောခဲ့ကြောင်းသိရသည်။

ဝင်းအောင်(မိုးကောင်း)


Read more

ပြည်ခိုင်ဖြိုးပါတီလေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့

 

မိုးညှင်း စက်တင်ဘာ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး၏ စီမံညွှန်ကြားမှုဖြင့် မိုးညှင်းခရိုင်ပါတီ အရန် ကော်မတီဝင် ဦးခင်မောင်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးလမိုင်နှင့်ကော်မတီ ဝင်များ၊ ဟိုပင်ဒေသပါတီတာဝန်ခံ ဦးမြဝင်းနှင့်ကော်မတီဝင်များသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မိုးညှင်းမြို့နယ် အင်းလေးကျေးရွာ မှ လေဘေးသင့်နေအိမ် ၁၃ လုံး အတွက် နေအိမ်တစ်လုံးလျှင် ငွေ ကျပ်သုံးသောင်းနှုန်းဖြင့် စုပေါင်း ငွေကျပ် ၃၉ဝဝဝဝ ကို သက်ဆိုင် သည့်မိသားစုဝင်များထံ ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Read more

မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတက်ရောက်

 

မိတ္ထီလာ စက်တင်ဘာ ၁၃

မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့ အထက(၁) ကျောင်း ဧကရာဇ်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီမှ ၁ဝ နာရီခွဲအထိ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် လူကုန်ကူးမှုတိုက် ဖျက်ရေးစာစီစာကုံး၊ပန်းချီ၊ကာတွန်း ပြိုင်ပွဲ ဆုရကျောင်းသား ကျောင်း သူများအား ဆုပေးပွဲကျင်းပခဲ့ ကြောင်း သိရသည်။အဆိုပါအခမ်းအနားသို့ မိတ္ထီ လာမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါ တီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည် များ၊ ရပ်မိရပ်ဖ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်းအင်အား ၃ဝဝ ခန့် တက်ရောက်ပါကြောင်း သိရသည်။

Read more

မန်စီးတီးအသင်း ကမ္ဘာ့ပဉ္စမမြောက် ဝင်ငွေအကောင်းဆုံးအသင်းဖြစ်လာ

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဝင်ငွေပေါင် သန်း ၅၀၀ ကျော်ရရှိခဲ့ပြီး ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ဝင်ငွေအကောင်းဆုံး ဖြစ်လာသော်လည်း မိမိတို့အသင်း၏ ခရီးစဉ်ရှည်ကြီး မပြီးဆုံးသေးကြောင်း အသင်းဥက္ကဋ္ဌ ကယ်လ် ဒွန်းအယ်လ်မူဘာရက်က ပြော သည်။

၂၀၁၈ ဇွန်လ ၃၀ ရက်အထိ တွက်ချက် ထုတ်ပြန်သော နှစ်စဉ် အစီရင်ခံစာတွင် မန်စီးတီးသည် ပေါင်သန်း ၅၀၀ ပမာဏကိုကျော်လွန်သည့် ဒုတိယ  အင်္ဂလန် ကလပ်အသင်းအဖြစ် အတည်ပြု ခဲ့သည်။

Read more

တူရကီလိဂ်တစ်နှစ်တာအကောင်းဆုံး နောက်ခံလူဆု ပီပီ ရရှိ

တူရကီလိဂ် တစ်နှစ်တာအကောင်းဆုံးနောက်ခံလူဆုကို ဘက်ဆီးတပ်စ်မှ ရီးရဲလ်အသင်းသားဟောင်း ပေါ်တူဂီ လက်ရွေးစင် ပီပီရရှိခဲ့သည်။ တူရကီစူပါလိဂ်၏ ပြီးခဲ့သည့်နှစ် အကောင်းဆုံးကစားသမားများကို ပြည်သူနှင့် ကျွမ်းကျင်သူများက ရွေးချယ်ခဲ့ပြီး ဆုရကစားသမားများအား စက်တင် ဘာ ၁၂ ရက် ညကဆုချီးမြှင့်ခဲ့သည်။

တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဂါလာတာစာရေးတိုက်စစ်မှူးဟောင်း ဂိုမစ်က ရရှိပြီး တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ဂါလာတာစာရေး နည်းပြ ဖာတစ်တီရင်ရရှိသည်။

Read more

အမေရိကန် ပိုင်နက်အနီးအထိ ရုရှား ဗုံးကြဲလေယာဉ်များ ချဉ်းကပ်ပျံသန်းခဲ့

အမေရိကန် ပိုင်နက်အနီးသို့ ရုရှား မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ ချဉ်းကပ်ခဲ့မှုကြောင့် အမေရိကန် တိုက်လေယာဉ်များ ပျံတက်ပြီး ကြားဖြတ် စောင့်ကြည့်ခဲ့ရကြောင်း သိရသည်။

အမေရိကန် စစ်တပ်၏ မြောက်အမေရိက လေကြောင်းကာကွယ်ရေး ဦးစီးဌာနက စက်တင်ဘာ ၁၁ ရက်တွင် ရုရှား၏ TU-95 ဗုံးကြဲလေယာဉ်နှစ်စီး အလာစကာ ပြည်နယ်အနီးထိ ချဉ်းကပ် ပျံသန်းလာကြောင်း အတည်ပြုခဲ့သည်။ ယင်းအခြေအနေကို အရေးပေါ် တုံ့ပြန်သည့် အနေဖြင့် အမေရိကန်က F-22 ပဉ္စမမျိုးဆက် တိုက်လေယာဉ် နှစ်စီးကို ချက်ချင်း စေလွှတ်ခဲ့သည်။

Read more

အဲဗာတန်အသင်း အမှတ်လျော့(သို့) ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိ

အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ၀က်ဖို့ဒ်အသင်းကို ကိုင်တွယ်နေတဲ့ မာကိုဆေးလ်ဗားကို တရားမ၀င် ချဉ်းကပ်မှုအတွက် အမှတ်လျော့(သို့)ဒဏ်ငွေပြစ်ဒဏ် ချမှတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကလပ်အသင်းနှစ်သင်းအကြား ကာလရှည်အငြင်းပွားမှုဟာ ကြာသပတေးနေ့က The Times သတင်းစာရဲ့ ဖော်ပြမှုကြောင့် ပိုပြီးအရှိန်မြင့်တက် လာခဲ့ပါတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အဲဗာတန်အသင်းရဲ့ မာကိုဆေးလ်ဗားကို ခေါ်ယူခဲ့တာနဲ့ပတ်သက်ပြီး စတင်စစ်ဆေးနေပြီလို့ သတင်းတွေ ထွက်လာပါတယ်။ ၀က်ဖို့ဒ်အသင်းကတော့ ပြီးခဲ့တဲ့ရာသီက အဲဗာတန်ဟာ နည်းပြမာကိုဆေးလ်ဗားကို တရားမ၀င် ချဉ်းကပ်ခဲ့တယ်လို့ ဆိုခဲ့ပြီး ပရီးမီးယားလိဂ်ထံ တိုင်ကြားခဲ့ပါတယ်။

Read more