
နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် ဩဂုတ်လ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် တရုတ်နိုင်ငံသည် ထိုင်ဝမ်မှ သစ်သီးနှင့် ငါးများ တင်သွင်းမှုကိုတားမြစ်ခဲ့ပြီး ထိုင်ဝမ်သို့ သဲတင်ပို့မည့် သင်္ဘောများကိုပါ ရပ်ဆိုင်းထားစေခဲ့ကြောင်း သိရသည်။
တရုတ်အကောက်ခွန် ဌာနက ထိုင်ဝမ်မှ တင်ပို့သော ရှောက်သံပုရာ မျိုးဝင်အသီးများတွင် လွန်ကဲစွာ အသုံးပြုထားသော ပိုးသတ်ဆေး အကြွင်းအကျန်များကို ထပ်တလဲလဲ စစ်ဆေးတွေ့ရှိရသောကြောင့် သစ်သီးတင်သွင်းမှု အချို့ ကို ဆိုင်းငံ့ထားကြောင်းနှင့် ငါးတင်ပို့ကိုမူလည်း ထုပ်ပိုးသည့် ဘူးခွံများပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိမှုကြောင့် ဆိုင်းငံ့ထားရကြောင်း ပြောကြားခဲ့သည်။








