
ဥရောပမှာ ရုရှားရဲ့ ဓာတ်ငွေ့ အပေါ် မှီခိုရမှုကို လျှော့ချနိုင်ရေးအတွက် သဘာဝဓာတ်ငွေ့ အသုံးပြုမှုကို ၁၅ ရာခိုင်နှုန်း လျှော့ချရေး အစီအစဉ်ကို ဥရောပသမဂ္ဂ စွမ်းအင် ဝန်ကြီးတွေ အင်္ဂါနေ့မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ သြဂုတ်လကနေ မတ်လ အတွင်း ဆန္ဒအလျောက် လျှော့ချရေး သဘောတူညီချက် ဖြစ်ပြီး လာမယ့် ဆောင်တွင်းလတွေ အကြိုမှာ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ဓာတ်ငွေ့ သိုလှောင်ရေးကိုလည်း ခွင့်ပြုမှာ ဖြစ်ပါတယ်။








