
ဂျပန်နိုင်ငံသည် တရုတ်နှင့် ရုရှားတို့၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန် ရည်ရွယ်သည့် စစ်ရေးတိုးချဲ့မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ခရုဇ်ဒုံးကျည်များနှင့် မြန်နှုန်းမြင့် ပဲ့ထိန်းစနစ် ဒုံးကျည်များကို အမြောက်အမြား ထုတ်လုပ်သွားမည်ဟု ဩဂုတ်လ ၃၁ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ ဒုံးကျည် ဝယ်ယူထုတ်လုပ်ရေး အစီအစဉ်ကို ကာကွယ်ရေး ဝန်ကြီးဌာန၏ နှစ်စဉ်ဘတ်ဂျက်တောင်းခံမှုတွင် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။









