
မြေအနိမ့်ပိုင်းဖြစ်တဲ့ ဂျာကာတာမြို့တော်ကို ပင်လယ်ရေအောက်နစ်မြုပ်မသွားစေဖို့အတွက် မြို့ပတ်လည်မှာ အလွန်ကြီးမားတဲ့ရေတားနံရံကြီးတွေ အမြန်တည်ဆောက်တော့မယ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောလိုက်ပါတယ်။ မြေအောက်ရေအလွန်အကျွံ တူးဖော်သုံးစွဲတာတွေကြောင့် လူသန်းပေါင်းများစွာနေထိုင်တဲ့ ဂျာကာတာမြို့တော် မြောက်ပိုင်းဟာ တစ်နှစ်ကို ၄ လက်မခန့် နိမ့်ဆင်းလာနေပြီး လာမယ့် ဆယ်စုနှစ်တွေအတွင်း တစ်မြို့လုံး ပင်လယ်ရေအောက်နစ်မြုပ်သွားနိုင်တယ်လို့ ဆိုပါတယ်။








