ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် အမေရိကန်ဒေါ်လာ တစ်ဆယ်ဘီလီယံ လှူဒါန်းမည်

ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာများထဲတွင် ပါဝင်သော အမေဇုန်အွန်လိုင်း အရောင်းအဝယ်လုပ်ငန်းပိုင်ရှင် ဂျက်ဖ်ဘီဇော့ဖ်သည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် အမေရိကန် ဒေါ်လာ တစ်ဆယ်ဘီလီယံ လှူဒါန်းမည်ဖြစ်ကြောင်း ဘီဘီစီသတင်း ဌာနက ဖော်ပြသည်။

ပါကစ္စတန် အသေခံဗုံးခွဲမှု ၈ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ တနလာင်္နေ့က လူအုပ်တွင်း အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး လူ ၂၀ လောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဘာလူချစ္စတန် ပြည်နယ်ရဲ့ မြို့တော် Quetta မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူကမှ သူတို့ လက်ချက်လို့ ပြောဆိုထားတာ မရှိပါဘူး။

သူပုန် ခြေကုပ်စခန်းများကို ဆီးရီးယားအစိုးရတပ်များ ပြန်လည်သိမ်းပိုက်နိုင်

ဆီးရီးယားအစိုးရတပ်တွေဟာ အိဒလစ်နဲ့ အလက်ပိုခရိုင်တွေက သူပုန်တွေရဲ့ နောက်ဆုံး ခြေကုပ်စခန်းတွေကို ထိန်းချုပ်မယ့် စစ်ဆင်ရေးအတွင်း ၆၀၀ စတုရန်း ကီလိုမီတာ ကျော်ရှိတဲ့ ပိုင်နက်ကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆီးရီးယားစစ်တပ်ပြောခွင့်ရက ပြောပါတယ်။

စစ်ဆင်ရေးအစိတ်အပိုင်းအနေနဲ့ လတ်တလောရက်တွေမှာ ဆီးရီးယား လက်နက်ကိုင် တပ်တွေဟာ မြို့ရွာပေါင်း ဒါဇင်ချီပြီး ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း စစ်တပ်က ပြောပါတယ်။ အိဒလစ်ပြည်နယ်အတွင်း အစိုးရထိုးစစ်ကြောင့် လူအယောက် ငါးသိန်းကျော်ဟာ သူတို့အိမ်တွေကနေ စွန့်ခွာပြီး ပိတ်ထားတဲ့ တူရကီနယ်စပ်ဆီ ထွက်ပြေးခဲ့ကြပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ငွေ ဒေါ်လာ ၇၀၅ ဘီလီယံကျော် တောင်းခံထား

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက လာမည့် ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၄ ဘီလီယံ တောင်းခံထားကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည့် လွှတ်တော်သို့ပေးပို့သော အမေရိကန်သမ္မတအိမ်ဖြူတော်၏ အဆိုပြုချက်တစ်စောင်အရ သိရသည်။

အီရန် ဒုံးကျည်စမ်းသပ်မှု မအောင်မြင်

အီရန်နိုင်ငံလုပ် Zafar ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းထဲ လွှတ်တင်ဖို့ ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ခဲ့ရတယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ Zafar ဂြိုဟ်တုဟာ လိုအပ်တဲ့အရှိန် မရခဲ့တာကြောင့် ကမ္ဘာပတ်လမ်းအထိ စီစဉ်ထားတဲ့အတိုင်း ရောက်မသွားခဲ့ဘူးလို့ အီရန်ကာကွယ်ရေးဝန်ကြီးဌာန အာကာသ အစီအစဉ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ahmad Hosseini က ရုပ်သံဌာနကို ပြောခဲ့တာပါ။

သမ္မတ Donald Trump အပြစ်မရှိကြောင်း ကန်အထက်လွှတ်တော် ဆုံးဖြတ်

သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ထားပြီး နောက်ဆုံးအဆင့် အရေးယူဖို့ အထက်လွှတ်တော် ဆီးနိတ်မှာမဲခွဲကြတဲ့အခါ အရေးမယူဖို့ဘက်က အနိုင်ရသွားပါတယ်။ မစ္စတာထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီအမတ်တွေ အများစုရှိတဲ့ ဆီးနိတ်လွှတ်တော်က သူအာဏာအလွဲသုံးခဲ့တယ်ဆိုတဲ့စွဲချက်ကို မတင်ဖို့ ၅၂မဲ-၄၈မဲ၊ လွှတ်တော်လုပ်ငန်းတွေကို တားဆီးခဲ့တယ်ဆိုတဲ့ စွဲချက်ကို ၅၃မဲ-၄၇မဲနဲ့ ပယ်ချပြီး သမ္မတကို အရေးမယူဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ မစ္စတာထရမ့်ဟာ ရွေးကောက်ပွဲမှာ သူ့ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ဒုတိယသမ္မတဟောင်းဂျိုးဘိုင်ဒန်ကို စုံစမ်းပေးဖို့ ယူကရိန်းသမ္မတကို ဖိအားပေးခဲ့တယ်ဆိုပြီး ဒီမိုကရက်တစ်ပါတီက သူ့ကိုပြီးခဲ့တဲ့ ဒီဇင်ဘာလက စွပ်စွဲပြစ်တင်ပြီး ရာထူးကဖယ်ရှားဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူ ၁,၁၅၃ ဦးရှိ

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့် ရရှိခဲ့သူ အရေအတွက်မှာ စုစုပေါင်း ၁,၁၅၃ ဦးထိ ရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ကျန်းမာရေးအာဏာပိုင်များ၏ ယနေ့နံနက် သတင်းထုတ်ပြန်ချက် အရသိရသည်။

ဖေဖော်ဝါရီ ၅ ရက်တွင် တရုတ်နိုင်ငံအတွင်းရှိ ဆေးရုံအသီးသီးမှ ဆင်းခွင့်ရသူ၂၆၁ ဦးရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ နေ့စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၉၂ ယောက်၊ ကူးစက်သူ ၂၃၅၀၀ ကျော်ရှိလာ

တရုတ်နိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၉၀ ရှိသွားပြီလို့ တာဝန်ရှိသူတွေက အခုလ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာပါတယ်။ တစ်ရက်အတွင်း သေဆုံးသူ ၆၅ ယောက် ရှိပြီးတော့ အားလုံး ဟူပေးပြည်နယ်ကပဲလို့ ဆိုပါတယ်။ ဒါကြောင့် ဖိလစ်ပိုင်နဲ့ ဟောင်ကောင်မှာ သေဆုံးသူတွေနဲ့ ပေါင်းလိုက်ရင် စုစုပေါင်းသေဆုံးသူ ၄၉၂ ယောက် ရှိသွားပြီဖြစ်ပါတယ်။ ကူးစက်သူ အရေအတွက်ကတော့ တစ်ရက်တည်းမှာ ၃၁၅၆ ယောက် တိုးလာပါတယ်။ ဒါကြောင့် စုစုပေါင်း ကူးစက်သူ ၂၃၅၀၀ ကျော်သွားပြီဖြစ်ပါတယ်။

ဗြိတိန် ခရီးသွားလုပ်ငန်းကြီး သောမတ်စ်ကွတ်ခ် ဒေဝါလီခံ

ဗြိတိန် ခရီးသွားလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ သောမတ်စ်ကွတ်ခ်ဟာ အခုလ ၂၃ ရက်မှာ ဒေဝါလီ ခံလိုက်ပါပြီ။ ၁၇၈ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ အဲဒီလုပ်ငန်းကြီးဟာ လုပ်ငန်းကို ဆက်ထိန်းထားနိုင်ဖို့ ပေါင် သန်း ၂၀၀ အကူအညီ ရှာဖွေ ခဲ့တာပါ။ သောမတ်စ်ကွတ်ခ်က “အသိအမှတ် ပြုရလောက်တဲ့ အားထုတ်မှုတွေ လုပ်ခဲ့ပေမယ့် ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေ၊ အဆိုပြုထားတဲ့ ငွေကြေး ထောက်ပံ့ပေးမယ့်သူတွေ ကြားထဲမှာ သဘောတူညီချက် မရရှိခဲ့ပါဘူး။ ဒါကြောင့် ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့အနေနဲ့ ကုမ္ပဏီ ကို ချက်ချင်း ဖျက်သိမ်းဖို့ကလွဲရင် ရွေးချယ်စရာ မရှိခဲ့ပါဘူး”လို့ ထုတ်ပြန်ခဲ့ပါတယ်။ သောမတ်ကွတ်ခ် ဒေဝါလီခံသွားတာကြောင့် တစ်ကမ္ဘာလုံးမှာ အလုပ်အကိုင် ၂၂၀၀၀ လောက် ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ one news