
နိုင်ငံတစ်ဝန်း 5G ကြိုးမဲ့ နည်းပညာတပ်ဆင်မည့် အစီအစဉ်နှင့် ပတ်သက်၍ ယင်းစနစ်ကြောင့် လူအများ၏ ကျန်းမာရေး ထိခိုက်မည့်အရေး စိုးရိမ်ကာ ဆွစ်ဇာလန်နိုင်ငံ မြို့တော်ဘန်းတွင် စနေနေ့က လူထောင်ချီ ကန့်ကွက်ဆန္ဒပြခဲ့သည်။ 5G ကွန်ရက် သုံးနိုင်မည့် ဆက်သွယ်ရေးတိုင်များ နောက်ထပ်တည်ဆောက်မှုကို တားဆီးရန် ကြိုးပမ်းမှုအတွင်း ဆန္ဒပြမှုများက လွှတ်တော်အဆောက် အအုံရှေ့တွင် စုဝေးခဲ့သည်။









