
အမေရိကန်နဲ့ မက္ကဆီကို ၂ နိုင်ငံနယ်စပ်မှ ရွှေ့ပြောင်းလာသူတွေ အလုံးအရင်း ၀င်ရောက်လာမှုကို ဖြေရှင်းမယ့် ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အုပ်ထိန်းသူမဲ့ ကလေးငယ်တွေကို သင့်တော်တဲ့နေအိမ်တွေမှာ နေရာချထားဖို့၊ လူသားချင်းစာနာထောက်ထားမှုနဲ့ လုံခြုံမှုဆိုင်ရာထောက်ပံ့ ကူညီမှုတွေ အတွက် အဲဒီ ၄ ဒဿမ ၆ ဘီလီယံထဲက ၃ ဘီလီယံနီးပါးကို ကျန်းမာရေးနဲ့ လူသားချင်း အကူအညီပေး ရေးဌာနကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။








