
ရုရှားနိုင်ငံမှ ရေငုပ်သင်္ဘောဖျက် Admiral Vinogradovis အမည်ရှိ အကြီးစားစစ် သင်္ဘောတစ်စီးသည် သီလ၀ါ ဆိပ်ကမ်းသို့ မေလ (၁၈) ရက်တွင် ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း ရုရှားသံရုံးက သတင်း ထုတ်ပြန် သည်။

ရုရှားနိုင်ငံမှ ရေငုပ်သင်္ဘောဖျက် Admiral Vinogradovis အမည်ရှိ အကြီးစားစစ် သင်္ဘောတစ်စီးသည် သီလ၀ါ ဆိပ်ကမ်းသို့ မေလ (၁၈) ရက်တွင် ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း ရုရှားသံရုံးက သတင်း ထုတ်ပြန် သည်။
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်း ‘ROANU ‘ သည် မေလ (၂ဝ) ရက် နေ့ ညနေတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းခြေဒေသကို မုန်တိုင်းငယ်အဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
မန္တလေးတိုင်း၊ ဧရာဝတီမြစ်ကမ်းဘေးရှိ အရေးပေါ်ကမ်းပြို ကာကွယ်ရေးပြုလုပ်ရန် လို အပ်သည့် ကျေးရွာ ခုနစ်ရွာကို ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ကမ်းပြိုကာကွယ်ရန် စုစု ပေါင်းကျပ်သိန်း ၄၂၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း မန္တလေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လာရောက်ကုသသည့် ပြည်သူများနှင့် သတင်းမီဒီယာများအတွက် ဆေးရုံ၏ သတင်း အချက်အလက်များ သိရှိနိုင်စေရန် သတင်းအချက်အလက်စုံစမ်းရေးဌာန(၃)ခု ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။
လက်ရှိရှိနေသည့် သတင်းအချက်အလက်စုံစမ်းရေးဌာနများကလည်း ပြည်သူများ သတင်းအချက်အလက်များ ယခုထက်ပိုမိုသိရှိလာစေရန်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ ကောင်းမွန်လာစေရန်အတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးဒေါက်တာ အေးကိုကိုက ပြောသည်။

ထိုင်းနိုင်ငံတွင် ကျင်းပမည့် Telenor Youth Forum Asia 2016 သို့ မြန်မာလေးဦးတက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ Forum ကို မေလ ၂၅ နှင့် ၂၆ ရက်များတွင် ကျင်းပသွားမည် ဖြစ်ကြောင်း၊ ယင်းတွင် ပါဝင်မည့် လူငယ် ၂၈ ဦးသည် လွန်ခဲ့သည့် ၃ နှစ်အတွင်း Global Telenor Youth Forum တွင် ပါဝင်ဆွေးနွေး ခဲ့ကြသူများ ဖြစ်ပြီး တယ်လီနော၏ အာရှဒေသရှိ ဈေးကွက် ၆ ခုကို ကိုယ်စားပြု တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခမဲ့ပညာသင်ကြားပေးရန် Park Royal Hotel နှင့် စင်ကာပူ-မြန်မာ အသက်မွေးဝမ်း ပညာ သင်ကျောင်း (SMVTI) တို့ ပူးပေါင်းဆောင်ရွက်ရန် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခင်ကျင်းပခဲ့သော လွှတ်တော်၌ လွှတ်တော်ဆိုင်ရာ အချက်အလက်များကို ဒီဂျစ်တယ်စနစ်ဖြင့် ရရှိခဲ့ သော်လည်း ယခုကျင်းပသည့် လွှတ်တော်တွင် လွှတ်တော်နှင့် သက်ဆိုင်သည့် အချက်အလက်များကို ဒီဂျစ်တယ်စနစ်ဖြင့် ပြင်ပသို့ပေးအပ်ခြင်း မရှိတော့သည့်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေရကြောင်း သိရသည်။
(၂၀၁၆) ခုနှစ် ဇွန် (၂၆)ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာပိုစတာပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(၁၉)ကြိမ်မြောက်ပြုလုပ်သည့် အဆိုပါ ကွန်ပျူတာပိုစတာပြိုင်ပွဲအား ယခင်နှစ်များနှင့်မတူဘဲ နည်းပညာနှင့် ဖန်တီးမှု အရည်အသွေးများကိုကြည့်ပြီး ရွေးချယ်စိစစ်သွားမည်ဖြစ်ကြောင်း ရွေးချယ်ပုံနှင့်ပတ်သက်၍ MCF ဒိုင်အဖွဲ့ဝင်ဖြစ် သည့် ဦးရဲကျော်သိန်းက ပြောသည်။
တပ်မတော်က သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ဘုရင့်နောင်ရိပ်သာ ၌ မေလ (၁၃) ရက် မွန်းလွဲ (၂) နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။

အခြေခံပညာကျောင်းများရှိ မူလတန်းပြဆရာများ အလယ်တန်းပြလျှောက်ထားပါက ရာထူးတိုးစာမေးပွဲ ဖြေဆိုရန် မလိုတော့ကြောင်း နှုတ်ဖြင့်ဖြေကြားခဲ့သော်လည်း တရားဝင်ထုတ်ပြန်ပေးခြင်း မရှိသေးသည့် အတွက် ရာထူးတိုးလျှောက်မည့် ဆရာများအကြား အငြင်းပွားဖွယ် ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးသုတက ပြောကြားသည်။