
အင်တာနက်ရှိသော မည်သည့်နေရာကမဆို ပို့ကုန် သွင်းကုန်လိုင်စင် လျှောက်ထား နိုင်မည့် Full Online License Sysem စနစ်ကို လာမည့်ဇွန်လမှ စတင်ကာ လုပ်ဆောင်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

အင်တာနက်ရှိသော မည်သည့်နေရာကမဆို ပို့ကုန် သွင်းကုန်လိုင်စင် လျှောက်ထား နိုင်မည့် Full Online License Sysem စနစ်ကို လာမည့်ဇွန်လမှ စတင်ကာ လုပ်ဆောင်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။
နိုင်ငံတော်အားနှောင့်ယှက် ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ အား ရုပ်သိမ်းသည့် ဥပဒေကြမ်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မေလ (၂၄) ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ရက် ၃ဝ မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းများမှ သက်တမ်းကုန် ဘောလုံးသမားများအပါအ၀င် ဗီဇာ သက်တမ်းကုန်ဆုံး နေသူများကို စစ်ဆေးအရေးယူရန်ရှိပြီး စစ်ဆေးရာတွင် ခရီးသွားရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။
မြန်မာနိုင်ငံရှိ ဘောလုံးအသင်းများတွင် ဘောလုံးကစားရန် အကြောင်းပြချက်ဖြင့် ရောက်ရှိလာပြီး အသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးကာ ရက်လွန်နေထိုင်နေသည့် ပြည်ပဘောလုံးသမားများရှိနေပြီး အများစုမှာ အာဖရိကနိုင်ငံများမှ ဖြစ်ကြောင်း ဘောလုံးအသင်းများမှ စုံစမ်းသိရှိရသည်။

ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေး (PCV-Pneumococcal Conjugate Vaccine) ကို ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်း စီမံချက်တွင်ထည့်သွင်း၍ ၂၀၁၆ ဇူလိုင် ၁ရက်၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ထိုးနှံပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ပြင်းထန်အဆုတ်ရောင် ရောဂါများသည် အသက် (၂)နှစ် အောက် ကလေးများတွင် ဆေးဝါးကုသမှု အချိန်မီမရရှိပါက သေဆုံးမှုနှုန်းမြင့်မား နိုင်သောကြောင့် ကာကွယ်ဆေးထိုးခြင်းဖြင့် ယင်းရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုကို ထိရောက်စွာကာကွယ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ တွင် ၂၀၁၆ ဇူလိုင်မှ စတင်၍ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး၊ ထိုးဆေးနှင့် အတူ ယင်းပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေးကို ကလေးအသက် (၂)လမှစ၍ သုံးကြိမ်ထိုး နှံပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာတောင်တက်အဖွဲ့သည် ယနေ့ (မေ ၂၃ ရက်) တွင် နီပေါနိုင်ငံ Kathmandu မြို့သို့ရောက်ရှိနေပြီဖြစ်ပြီး မေ ၂၅ ရက်တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ယင်းတောင်တက်ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းများ အဆက်မပြတ် တင်ဆက်ခဲ့သည့် Myanmar Flag on Everest ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
ရန်ကုန်တိုင်းရှိ ပြည်သူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ အရေးပေါ်အကူအညီ လိုအပ်လျှင်ဖြစ်စေ၊ သတင်းပေးတိုင်ကြားလိုလျှင်ဖြစ်စေ အသစ်ထပ်မံတပ်ဆင်ထားသော တယ်လီဖုန်းနှစ်လုံးသို့ ဆက်သွယ်တိုင်ကြားနိုင် ကြောင်း သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့သို့ ၂၄ နာရီ ဆက်သွယ်နိုင်မည်ဆိုသော ဖုန်းမှာ ၀၁-၂၃၁၇၅၂၆ နှင့် ၀၁-၂၃၁၇၅၂၇ တို့ဖြစ်သည်။

Study Abroad Education Road Show 2016 ကို ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာရေးပြပွဲကို ဇွန်လ ၁၁ ရက်၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ မန္တလေးမြို့ ဟိုတယ်မန္တလေး၊ စံပယ်ဖြူခန်းမ၌လည်းကောင်း၊ ဇွန်လ ၁၂ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်မြို့ Novotel Hotel ပုဂံခန်းမ၌လည်းကောင်း အသီးသီး ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်းအထိ ရရှိမည့် ထီတစ်စောင်လျှင် ကျပ် ၅၀၀ တန် အောင်ဘာလေထီစနစ် လုပ်ဆောင်ရန် အစိုးရအဖွဲ့ကိုတင်ပြထားပြီး အစိုးရသစ် ရက် ၁၀၀ အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြား ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနပိုင် MOI Webportal Myanmar တွင် သတင်းထုတ်ပြန်ထားသည်။
လွှတ်တော်တွင်းရှိ လွှတ် တော်ကိုယ်စားလှယ် လစ်လပ်နေရာများအတွက် ကြားဖြတ်ရွေး ကောက်ပွဲကျင်းပပေးရန် လွှတ်တော်မှ အကြောင်းကြားစာပေးပို့လာပါက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr.Andrew Patrick နှင့်အဖွဲ့အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းက မေလ ၁၈ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံရာတွင် ဦးလှသိန်းက ယင်းသို့ ပြောကြားဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီသည် မေလ (၂၂) ရက်တွင် မြန်မာနိုင်ငံသို့ လာ ရောက်မည်ဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီသည် ၎င်း၏ အာရှ-ပစိဖိတ်ခရီးစဉ်အဖြစ် မေ (၁၄) ရက်မှ (၂၆) ရက်အထိ မြန်မာနိုင်ငံအပါအဝင် ဆော်ဒီအာရေးဗျ၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် ဗီယက်နမ်နိုင်ငံများသို့ သွား ရောက်မည်ဖြစ်ကြောင်း မေ (၁၃) ရက်စွဲဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။