
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲကို ဇွန်လ (၁၉) ရက်တွင် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် တစ်ပြိုင်နက် ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။






