
အစိုးရနှင့် NCA လက် မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ တွေ့ဆုံပြီး ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ ရှေ့ဆက်ဆောင်ရွက်နိုင်ရေး ပြင်ဆင်သည့် အစည်းအဝေးကို ရန်ကုန်မြို့၌ ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေက ပြောသည်။ ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေး များတွင် ပါဝင်မှု ယာယီရပ်ဆိုင်းထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ ပါ ပြင်ဆင်မှုအစည်းအဝေးသို့ တက်ရောက်နိုင်ရေး ကြိုးပမ်းနေကြောင်း ၎င်းကဆိုသည်။



