
ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေကြောင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ရွှေ့ဆိုင်းကြောင်း မဟာမင်းကြီးရုံး (UNHCR) ပြောခွင့်ရ ပုဂ္ဂိုလ်က AFP သတင်းဌာနအား ပြောကြားသည်။
မဟာမင်းကြီး မစ္စတာဖိလစ် ပိုဂရန်ဒီသည် ယခုလ ၇ ရက်တွင် မြန်မာနိုင်ငံ ခရီးစဉ်စတင်ရန် စီစဉ်ခဲ့သော်လည်း မြန်မာအစိုးရက လုံခြုံရေးဆိုင်ရာ အခြေအနေကြောင့် ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်ခွင့် မပြု၍ ခရီးစဉ်ရွှေ့ဆိုင်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးချမ်းအေးက ပြောသည်။




