
စစ်ရှောင်များ နေရပ်ပြန်ရေး တိကျသည့် သဘောတူဆုံးဖြတ်မှု မရှိသေးသဖြင့် မိုင်းရှင်းလင်းရေး မလုပ်ဆောင် ရသေးကြောင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကပြောသည်။ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အကြား ၂၀၁၁ ဇွန်လကစ၍ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသခံပြည်သူတစ်သိန်း နှစ်သောင်းကျော် သည် ကချင်နှင့် ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင် စခန်း ၁၆၀ ကျော်တွင် ခိုလှုံနေရကြောင်း ဒေသတွင်း လူမှုအဖွဲ့အစည်းများက ခန့်မှန်းသည်။ အရပ်ဘက် အဖွဲ့အစည်းများ၏ စာရင်းအရ အစိုးရထိန်းချုပ်နယ်မြေတွင် စစ်ဘေးဒုက္ခသည် ငါးသောင်းကျော်ရှိပြီး KIO ထိန်းချုပ်နယ်မြေတွင် စစ်ဘေးဒုက္ခသည် ခုနစ် သောင်းခန့်ရှိသည်။




