
ဒီနှစ်ဘောလုံးရာသီမှာ အံ့ခခန်းစွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပြီး ဆုအများအပြားရယူနိုင်ခဲ့တဲ့ လီဗာပူးလ် တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ကြာသာပတေးနေ့ ညနေမှာလည်း ဆု (၃)ခုကို လက်ခံရယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၃ဂိုး အထိ သွင်းယူပေးထားတဲ့ ဆာလာဟာ ဆုတစ်ခုကိုတော့ လန်ဒန်ကို သွားရောက်ယူခဲ့ရတာ ဖြစ်ပါတယ်။








