
မြန်မာ့ရိုးရာလက်ဝှေ့ကျော်များနှင့် ထိုင်းမွေထိုင်းချန်ပီယံများ ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို မော်လမြိုင်မြို့တွင် ကျင်းပမည်ဖြစ်သည်။
မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူး၍ Lethwei Nation နှင့် H&S Group တို့ ပူးပေါင်းစီစဉ်သည့် Lethwei Nation Fight 4 စိန်ခေါ်ပွဲကို မေလ ၂၇ ရက်တွင် မော်လမြိုင်မြို့ရှိ ပြည်နယ်အားကစားရုံ၌ ကျင်းပမည် ဖြစ်သည်။








