
ချဲလ်ဆီးနည်းပြ ကွန်တီအနေနဲ့ အသင်းရဲ့ ထုတ်ပယ်ခြင်းကို ခံရဖို့ရှိနေတာကြောင့် အသင်းသစ်တစ်သင်းကို ရှာဖွေသွားဖို့ရှိနေပြီး ချဲလ်ဆီး အသင်းအနေနဲ့ ကွန်တီကို ထုတ်ပယ်ခဲ့ပါက လျော်ကြေးအဖြစ် ပေါင် ၉ သန်း ပေးချေသွားရဖို့ ရှိနေတယ်လို့ သိရပါတယ်။
အဆိုပါ အီတလီ လူမျိုး နည်းပြအနေနဲ့ ချဲလ်ဆီးအသင်းကို တာဝန်ယူခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အက်ဖ်အေ ဖလားတို့ကို ရယူနိုင်ခဲ့ပေမယ့်လည်း ယခုနှစ်အကုန်မှာအသင်းက ထွက်ခွာချင်နေတာလည်း ဖြစ်ပါတယ်။









