
ယူ-၂၁ ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာနှင့် ထိုင်းအသင်းယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − FA Thailand)
ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာယူ-၂၁အသင်း အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ပါက ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ရန် ကြိုးပမ်းနေကြောင်း ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက် က ပြောသည်။








