
ဝေးလ် တိုက်စစ်မှူး ဂါရက်ဘေးလ် က ရီးရဲလ်ကနေ ထွက်ခွာပြီးတဲ့နောက်မှာ အမေရိကန်မေဂျာလိဂ်က လော့စ်အိန်ဂျလိစ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပါတယ်။ ၂၀၁၃ တုန်းက အဲဒီအချိန် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နဲ့ စပါးကနေ ရီးရဲလ်ကို ပြောင်းသွားခဲ့တဲ့ ဘေးလ် ၃၂ နှစ်က ဒီနွေရာသီမှာ သူ့စာချုပ်သက်တမ်း ကုန်သွားတာကြောင့် ပြောင်းရွှေ့ကြေးအလွတ်နဲ့ လော့စ်အိန်ဂျလိစ်ကို ရောက်မှာ ဖြစ်ပါတယ်။









