
အမေရိကန်အိုးပင်းဂေါက်ရိုက်ပြိုင်ပွဲကို နယူးယောက်ပြည်နယ်၊ မာမာရိုးနက်ခ်မြို့က Winged Foot ဂေါကလပ်မှာ စက်တင်ဘာလ ၁၇ ရက်ကနေ ၂၀ ရက်အထိ ကျင်းပခဲ့ရာမှာ အမေရိကန်နိုင်ငံသား ဘရိုင်ဆန်ဒီချမ်ဘူက ၄ ရက် ပေါင်း လျှော့ရိုက်ချက် ၆ ချက်နဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။









