
5G ကွန်ရက်တွေ ပေါ်ပေါက်လာပြီးနောက်မှာ နောက်မျိုးဆက် 6G နည်းပညာကို စတင် ဖန်တီးနေကြပါပြီ။ လက်ရှိမှာ 5G ကွန်ရက်ကို နိုင်ငံတိုင်းမှာ အသုံးမပြုနိုင်သေးပေမယ့် 6G ကို စတင် သုတေသန ပြုလုပ်နေကြပါပြီ။ 5G လိုပဲ 6G နည်းပညာမှာ တရုတ်က ဦးဆောင်နေပါတယ်။ မတ်လ ၂၂ ရက်ကနေ ၂၄ ရက်အထိ 2023 Global 6G Technology Conference ကို တရုတ်က နန်ဂျင်းမှာ ကျင်းပမှာပါ။ အဲဒီပွဲရဲ့ Theme က “ 6G Integrating the World and Creating the Future Together” ဖြစ်ပါတယ်။







