
တရုတ်မှာ realme GT Neo 5 ကို ကြေညာလိုက်ပြီး ကမ္ဘာ့အမြန်ဆုံး အားသွင်းနှုန်း ပါလာပါတယ်။ အနောက်ဘက်မှာ အထဲကို ဖောက်ထွင်းမြင်ရတဲ့ Window ၁ ခု ထည့်သွင်းထားပြီး ကင်မရာတွေရဲ့ ညာဘက်မှာ LED Lighting ပါလာပါတယ်။ ဖောက်ထွင်းမြင်ရတဲ့ Window ကနေ စွမ်းရည်မြင့် Chipset ကို ကြည့်နိုင်ပြီး LED Lighting ဟာ အရောင် ၂၅ မျိုး ပြသနိုင်ပါတယ်။









