
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အစီအစဉ်ကို စွန့်လွှတ်ရင် စီးပွားရေး အကူအညီတွေ ပေးအပ်မယ်လို့ တောင်ကိုရီးယား သမ္မတ ယွန်းဆုယိုးလ်က တနင်္လာနေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။
အခုလိုကမ်းလှမ်းရာမှာ တောင်ကိုရီးယားသမ္မတဟာ မြောက်ကိုရီးယားကို ပြင်းထန်တဲ့ ဝေဖန်မှုတွေ မလုပ်ဘဲ ရှောင်ရှားတာကိုလည်း တွေ့ရပါတယ်။








