
နှစ်ပေါင်း ၂၀ကျော် မတည်ငြိမ်ဖြစ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း အစ္စလာမ်ခွဲထွက်ရေး သူပုန်တွေလှုပ်ရှားရာဒေသ မှာ အင်္ဂါနေ့က ရှို့မီးမှုဖြစ်စဉ်တွေအပြင် ဗုံးခွဲတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ပတ္တနီ ၊ နာရတ်သီဝတ်နဲ့ ယာလာပြည်နယ်တွေက စတိုင်းဆိုင်တွေနဲ့ ဂက်စ်ဆိုင်တွေမှာ တိုက်ခိုက်မှု အနည်းဆုံး ၁၇ ခုဖြစ်ပွားခဲ့တယ်လို့ ထိုင်းစစ်ဘက်ပြောခွင့်ရသူ ပရာမုတ်ပရိုမင်က ပြောပါတယ်။









