မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ နျူလုံးဝကင်းစင်ရေး အားပေးသည့် မှတ်ချက်ကို ပြစ်တင်ရှုံ့ချခဲ့သည်။ ၎င်း၏ပြောကြားချက်သည် တရားမျှတမှုကင်းမဲ့သည်ဟုလည်း မြောက်ကိုရီးယားကဆိုသည်။ ကုလအတွင်းရေးမှူးချုပ် ဂူတားရက်စ်သည် တောင်ကိုရီးယားသမ္မတ မစ္စတာ ယွန်းဆော့ယော် နှင့်တွေ့ဆုံစဉ် မြောက်ကိုရီးယား၌ နျူလုံးဝဖျက်သိမ်းရေးကြိုးပမ်းမှုကို ၎င်းအနေဖြင့်အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့သည်။









