
(ဓာတ်ပုံ – အီးပီအေ)
အင်္ဂါနေ့က အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ကျောင်းဘတ်စ်ကားတစ်စီး တူးမြောင်းထဲ ထိုးကျသွားတာကြောင့် အနည်းဆုံး ကလေး ခုနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(ဓာတ်ပုံ – အီးပီအေ)
အင်္ဂါနေ့က အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ကျောင်းဘတ်စ်ကားတစ်စီး တူးမြောင်းထဲ ထိုးကျသွားတာကြောင့် အနည်းဆုံး ကလေး ခုနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အမေရိကန်နိုင်ငံသားအဖြစ် လက်ခံရရှိစဉ်
အမေရိကန်အစိုးရဟာ မူလဌာနေနိုင်ငံတွေကို ပြန်ပို့သင့်တဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူ ၈၀၀ ကျော်ကို အမေရိကန် နိုင်ငံသားအဖြစ် မှားယွင်းစွာ ပေးအပ်ခဲ့ပါတယ်။ အမိမြေလုံခြုံရေးဌာနရဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး စစ်ဆေးမှု ပြုလုပ်ရာမှာ အခုလို ရှာဖွေတွေ့ရှိခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေး အတွက် အန္တရာယ်ရှိတာ ဒါမှမဟုတ် လိမ်လည်ပြီး ရွှေ့ပြောင်း အခြေချနေထိုင်ခွင့် ရရှိအောင် ဆောင်ရွက်သူနှုန်းများတဲ့ နိုင်ငံတွေက လူဦးရေ ၈၅၈ ယောက်ကို နိုင်ငံသားခံယူခွင့် ပေးအပ်ခဲ့တယ်လို့ တနင်္လာနေ့က ထုတ်ပြန်လိုက်တာပါ။

ပြင်သစ်သည် တစ်ခါသုံး ပလပ်စတစ်ခွက်များ၊ ပန်းကန်ပြားများကို ဥပဒေဖြင့် ပိတ်ပင်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာတော့မည်ဟု သိရသည်။
ပြင်သစ်တွင် ပြဋ္ဌာန်းလိုက်သည့် ဥပဒေသစ်အရ ၂၀၂၀ ခုနှစ်မှစ၍ နေအိမ်နှင့် အရောင်းဆိုင်များတွင် အသုံးပြုသည့် ပန်းကန်ခွက်ယောက်များသည် ဇီဝဗေဒ ရင်းမြစ်များမှ ၅၀ ရာခိုင်နှုန်း တည်ဆောက်မှု ပါဝင်ရမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင်မူ အဆိုပါ သတ်မှတ်ချက်သည် ၆၀ ရာခိုင်နှုန်းထိ မြင့်တက်သွားမည်ဟု ဆိုသည်။

ဝါရှင်တန် စက်တင်ဘာ ၂ဝ
နယူးယောက်နှင့်နယူးဂျာစီတွင် လွန်ခဲ့ သော ရက်သတ္တပတ်ကဗုံးများ ပေါက် ကွဲပြီးနောက် အကြမ်းဖက်ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်မှုများသည် အမေရိ ကန်သမ္မတ ရွေးကောက်ပြိုင်ပွဲအတွက် အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်လာကြောင်း အင်န်အိတ်ခ်ျကေသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ လူသားချင်းစာမှု အကူအညီပေးရေး ယာဉ်တန်း တိုက်ခိုက်ခံရတဲ့အတွက် အရပ်သား ၂၀ နဲ့ ဆီးရီးယား လခြမ်းနီအဖွဲ့က အရာရှိတဦးတို့ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအတွက် ရုရှားမှာ တာဝန်ရှိကြောင်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေသည့် အီဂျစ်သမ္မတ ဖိဒယ် ဖာတာအယ်စီစီနှင့် တွေ့ဆုံရန် ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတလောင်း ဒေါ်နယ်ထရမ့် စီစဉ်ထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။


ပြုံယမ်း၊ စက်တင်ဘာ ၂၀
ဂြိုဟ်တုလွှတ်တင်နိုင်သည့် ရော့ကတ် ဒုံးကျည်အင်ဂျင်သစ်ကို မြောက်ကိုရီးယားနိုင်ငံက အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ကြောင်း နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။
နိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံးအွန်က သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများအား ဖြစ်နိုင်သမျှ မြန်မြန် ဂြိုဟ်တု လွှတ်တင်နိုင်ရေး ပြင်ဆင်လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောထားကြောင်း KCNA သတင်းက ဖော်ပြသည်။

တစ်ပတ်ကြာ အပစ်အခတ် ရပ်ဆိုင်းထားမှု ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ဆီးရီးယားစစ်တပ်က စက်တင်ဘာ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဆီးရီးယားပြည်တွင်းစစ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေကို တစ်ပတ်ကြာ ရပ်ဆိုင်ထားရန် အမေရိကန်နဲ့ ရုရှားက ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးနိုင်ရန် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်မြို့ ဗုံးဖောက်ခွဲမှုအတွက် သံသယဖြစ်ခံထားရသူ အသက် ၂၈ နှစ်အရွယ် Ahmad Rahami
လူ ၂၉ ဦး ထိခိုက်ဒဏ်ရာ ရသွားစေခဲ့တဲ့ နယူးယောက်မြို့ ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သူလို့ သံသယဖြစ်ခံထားရသူဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်ရာက ရရှိသွားတဲ့ ဒဏ်ရာတွေကို ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာမှာ ပြန်နာလန်ထူလာနေပြီ ဖြစ်ပါတယ်။
![French far-right Front National (FN) party's President, Marine Le Pen, delivers a speech on stage during the FN's summer congress in Frejus, southern France, on September 18, 2016. Marine Le Pen's slogan reading "In the name of the [French] people" is seen on the rostrum. / AFP PHOTO / Franck PENNANT](https://usdp.org.mm/wp-content/uploads/2016/09/000_G97NP-300x200.jpg)
ပြင်သစ်တောင်ပိုင်း ဖရီဂျူစ်မြို့ ပါတီညီလာခံတွင် မိန့်ခွန်းပြောကြားနေသော လက်ယာစွန်း ပြင်သစ်အမျိုးသား တပ်ဦးပါတီ ခေါင်းဆောင် မာရင်းလီပင်း
(Franck PENNANT/AFP)
‘ပြင်သစ်နိုင်ငံသည် ရောင်းရန်မဟုတ်’ ဟု ၎င်း၏ ထောက်ခံသူများက ပြောကြားပြီး ပြင်သစ် အမျိုးသားရေးတပ်ဦး ပါတီခေါင်းဆောင် မစ္စစ်မာရင်းလီပင်းက ၂၀၁၇ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်မှုကို စတင်လိုက်သည်။