IS တိုက်ဖျက်ရေးကို အာရုံစိုက်တဲ့ နိုင်ငံခြားရေးမူ ချမယ်လို့ ထရမ့်ပြော

4107425237827

အစွမ်းကုန် စိစစ် တင်းကြပ်ပြီးမှ အမေရိကန် ပြည်ထောင်စုထဲ ဝင်ရောက်ခွင့် ပေးမယ့် လူဝင်မှု ဆိုင်ရာ မူဝါဒလည်း ချမှတ် ပေးမယ်။

အမေရိကန် ပြည်ထောင်စုမှာ ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်က အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် ဝါဒ အပေါ် ဘယ်လို နှိမ်နှင်း မလဲ ဆိုတဲ့ သူ့ရဲ့ အစီအစဉ်ကို ချပြ လာပါတယ်။

မီလ်ဝေါ်ကီ ပဋိပက္ခအတွင်း သေနတ်ပစ်ခတ်မှုများဖြစ်ပွား

13938286_1742404726000028_1183580044393757797_o

မီလ်ဝေါ်ကီ သြဂုတ် ၁၅

အမေရိကန်ရှိ မြို့ကြီးတစ်ခုဖြစ်သည့် မီလ်ဝေါ်ကီတွင် ဆန္ဒပြဆန့်ကျင်မှုဒုတိယနေ့ အဖြစ် ဆန္ဒထုတ်ဖော်သူများသည် မြို့တွင်းလမ်းများပေါ်သို့ ရောက်ရှိလာခဲ့ကြပြီး သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဆန္ဒပြစုဝေးမှုသည် စနေနေ့က အသက် ၂၃ နှစ်အရွယ် အမျိုးသားဆီဗီလီစမစ် အား ရဲအရာရှိတစ်ဦးက လိုက်လံ ဖမ်းဆီးရာမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် စတင်ဖြစ်ပွားခဲ့သည်။ စမစ်သည် အာဖရိကဖွား အမေရိကန် နိုင်ငံသား တစ်ဦးဖြစ်ပြီး ထိုနေ့က လိုက်လံဖမ်းဆီးရာတွင် လက်နက်ချအဖမ်းခံခြင်းမရှိသည့်အတွက် ထိုသို့ ပစ်ခတ်လိုက်ရခြင်း ဖြစ်ကြောင်း မြို့တော်ဝန် တွမ်ဘားရတ်က ပြောကြားခဲ့သည်။

ထိုင်းစစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျ ငါးဦးသေဆုံး

တနင်္ဂနွေနေ့က ပျောက်သွားခဲ့သော ထိုင်းစစ်ရဟတ်ယာဉ်တစ်စီးသည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုးရွားသော ရာသီဥတုကြောင့် ပျက်ကျခဲ့ကြောင်း နှင့်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါသွားသူ ငါးဦးစလုံး သေဆုံးခဲ့ကြောင်း ထိုင်းစစ်တပ်က တနင်္လာနေ့တွင် ပြောသည်။

သေဆုံးသူများတွင် အမှတ် (၄) ခြေလျင်တပ်ဖွဲ့ အုပ်ချုပ်သူ အရာရှိ ဗိုလ်ချုပ်နော့ပွန်းရန်ချန်း ပါဝင်သည်ဟု ဒုတိယဗိုလ်ချုပ် ကြီး ဆွမ်ဆက်နင်ဘန်ဂျာကန်က ပြောသည်။

အောက်တိုဘာအတွင်း အီးယူသို့ ဗီဇာမလိုဘဲ သွားလာခွင့်မပြုပါက ရွှေ့ပြောင်းကိစ္စ သဘောတူညီမှုကို စွန့်လွှတ်မည်ဟု တူရကီပြော

အီးယူအနေဖြင့် တူရကီနိုင်ငံသားများအတွက် ဗီဇာမလိုဘဲ သွားလာခွင့်ကို အောက် တိုဘာအတွင်း ခွင့်ပြုပေးသင့်ပြီး ထိုသို့မဟုတ်ပါက အီးယူသို့ တရားမ၀င် ရွှေ့ပြောင်း နေထိုင်သူများ ၀င်ရောက်မှုကို တူရကီက တားဆီးပေးရေး သဘောတူညီမှုကို ဘေးဖယ်ထားမည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက ဂျာမနီသတင်းဌာနတစ်ခုအား ပြောကြားသည်။

နယူးယောက်ရှိ JKF လေဆိပ်တွင် ပစ်ခတ်မှု ဖြစ်ပွားကြောင်း သတင်းကြောင့် ရုတ်ရုတ်သဲသဲဖြစ်

Untitled-1_2

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ John F Kennedy (JFK) နိုင်ငံတကာ လေဆိပ်တွင် ပစ်ခတ်မှု တစ်ခု ဖြစ်ပွားကြောင်း သတင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြောင်း သိရသည်။ သို့သော် နယူးယောက် ရဲတပ်ဖွဲ့က လေဆိပ်တွင်း ပစ်ခတ်မှု ဖြစ်ပွားသည်ဆိုသည့် အထောက်အထား မတွေ့ရှိခဲ့ဟု ပြောကြားထားသည်။

ဟောင်ကောင် ကျောင်းသားခေါင်းဆောင်များအား ပြစ်ဒဏ်အသီးသီးချမှတ်

Hong-Kong

ဟောင်ကောင်၊ သြဂုတ် ၁၅

၂၀၁၄ ခုနှစ် အတွင်းက ဟောင်ကောင်တွင် ပေါ်ပေါက်သည့် ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်များအား အပြစ် ချမှတ်လိုက်သည်။

ထိုဆန္ဒပြလှုပ်ရှားမှုများမှ ခေါင်းဆောင်အဖြစ် ထွက်ပေါ်လာသည့် ဆယ်ကျော်သက်ကျောင်းသားခေါင်းဆောင် ဂျိုရှိုဝေါင်အား ဥပဒေမဲ့ လူစုလူဝေးပြုမှုဖြင့် ပြည်သူဝန်ဆောင်မှု နာရီ ၈၀ လုပ်ဆောင်ရန် အပြစ်ချမှတ်သည်။

ဂျပန်ဝန်ကြီးချုပ် စစ်သူရဲကောင်းဗိမာန်သို့ မသွားရောက်သော်လည်း အလေးအမြတ်ပြုမှု ပေးပို့

Japan_1

တိုကျို၊ သြဂုတ် ၁၅

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒုတိယကမ္ဘာစစ် ဂျပန်စစ်ရှုံးခြင်း နှစ်ပတ်လည်နေ့တွင် စစ်သူရဲကောင်း ဗိမာန် ယာဆူကူနီ ဂူဗိမာန်သို့ အလေးအမြတ်ထားမှုကို   ပေးပို့သော်လည်း ယင်းဂူဗိမာန်နှင့် ပတ်သက်ပြီး တရုတ်နှင့် တောင်ကိုရီးယားတို့က ဂျပန်၏ စစ်ကာလအတွင်း စစ်ရေးအာဏာပြမှုအဖြစ် ရှုမြင်ထားခြင်းကြောင့် ကိုယ်တိုင် သွားရောက် လည်ပတ်ခြင်း မရှိကြောင်း ဝန်ကြီးချုပ်၏ လက်ထောက်က ပြောသည်။

အစ္စလာမ်အစွန်းရောက်တွေ တိုက်ဖျက်ရေးအစီအစဉ် Trump လူထုကို ချပြမည်

4527852714

ရီပါတ်ဘလစ်ကင်ပါတီက သမ္မတလောင်း Donald Trump

 

ရီပါတ်ဘလစ်ကင်ပါတီက သမ္မတလောင်း Donald Trump က အစ္စလန်မစ် အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ သူဘယ်လို လုပ်ဆောင်မယ် ဆိုတာကို တနင်္လာနေ့မှာ ပြောမယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါဟာ သမ္မတ Barack Obama နဲ့ ဒီမိုကရက်တစ်ပါတီက သူ့ပြိုင်ဘက် သမ္မတလောင်း Hillary Clinton တို့ဟာ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ကိုထူထောင်သူလို့ သူပြောခဲ့ပြီး ရက်သိပ်မကြာခင်မှာပဲ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အီးယူမှ ဗြိတိန်ထွက်ခွာရေး ၂၀၁၉ နှစ်ကုန်ပိုင်းအထိ နောက်ကျနိုင်

56a796e43e0c741c7c33da99f4f48bda8441ff80

ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာရေးကိစ္စ ကိုင်တွယ်ရေး အစိုးရ၀န်ထမ်းများက ရုန်းကန်နေရခြင်းနှင့် ပြင်သစ်နှင့် ဂျာမနီရွေးကောက်ပွဲများက Brexit ညှိ နှိုင်းမှုများ စတင်ရန် ဆိုင်းငံ့ထားနိုင်သဖြင့် ယင်းကိစ္စမှာ ၂၀၁၉ နှစ်ကုန်ပိုင်း အထိ နောက်ကျသွားနိုင်သည်ဟု သီတင်းတစ်ရပ်က ဖော်ပြသည်။

ဖိလစ်ပိုင်တွင် မွတ်စလင်သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်စ

Philippine

မနီလာ၊ သြဂုတ် ၁၄

ဖိလစ်ပိုင်နိုင်ငံတွင် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးသည့် ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းရေးကို ရည်ရွယ်လျက် သမ္မတ ရိုဒရီဂိုဒူတာတေး လက်ထက်တွင် ပထမဆုံးအဖြစ် နိုင်ငံ၏ အကြီးဆုံးမွတ်စလင်သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား သြဂုတ် ၁၃ ရက်က ပြန်လည်စတင်သည်။