
မဲ ခြောက်ထောင် ဝန်းကျင် အသာစီးနဲ့ သမ္မတ ဘွန်ဂိုက အနိုင်ရခဲ့တယ် ဆိုတဲ့ အချက် ဟာ လိမ်ညာ လှည့်ဖျားတာ ဆိုပြီး အတိုက်အခံ တွေက ယူဆ နေပါတယ်။

မဲ ခြောက်ထောင် ဝန်းကျင် အသာစီးနဲ့ သမ္မတ ဘွန်ဂိုက အနိုင်ရခဲ့တယ် ဆိုတဲ့ အချက် ဟာ လိမ်ညာ လှည့်ဖျားတာ ဆိုပြီး အတိုက်အခံ တွေက ယူဆ နေပါတယ်။

ပင်လယ်ပြင်ကျွန်းစုများအရေး တရုတ်နှင့် နယ်မြေအငြင်းပွားမှုများ အရှိန်မြင့်လာနေချိန်တွင် သင်္ဘောပစ် ဒုံးလက်နက် စနစ်တစ်ခု ချထားနိုင်ရန် ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက စံချိန်တင်များပြားသည့် အသုံးစရိတ်တစ်ရပ်ကို တောင်းခံထားသည်။
ဆန်ကာကူကျွန်းစုများက ဂျပန်တို့ဘက်က မှည့်ခေါ်ထားသော အရှေ့တရုတ်ပင်လယ်တွင်းရှိ လူသူမနေသည့် ကျွန်းစုများကို တရုတ်ရန်မှ ကာကွယ်နိုင်ရန် ယခုကဲ့သို့ ရေကြောင်းလက်နက် အင်အားကို တိုးမြင့်နိုင်ရန် ဂျပန်တို့က စီစဉ်လာခြင်းဖြစ်သည်။

ကွာလာလမ်ပူ သြဂုတ် ၃၁
ဘာတူလိုဏ်ဂူများဒေသရှိ ဟိန္ဒူဘာသာ ဝတ်ပြုကျောင်း၊ ရဲဌာနများနှင့်ဖျော်ဖြေရေး ကပွဲရုံများအား တိုက်ခိုက်ရန် စီစဉ်နေသည့် အိုင်အက်စ်စစ်သွေးကြွများဟု သံသယရှိသူ သုံးဦးကို ဖမ်းဆီးထားကြောင်း မလေးရှား ရဲတပ်ဖွဲ့က သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန် ကြေညာသည်။

ပေကျင်း သြဂုတ် ၃၁
အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) အဖွဲ့ဝင်နိုင်ငံဖြစ်ရေး လျှောက်ထားရန် ကနေဒါနိုင်ငံ၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ကြိုဆို ထောက်ခံကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က သြဂုတ် ၃၁ ရက်တွင် ပြောကြားသည်။
ကာဂျစ်စတန်နိုင်ငံ၏ မြို့တော်ဘီရှက်ရှိ တရုတ်သံရုံးဂိတ်ပေါက်ကို အသေခံကားဗုံးခွဲသူတစ်ဦးက ၀င်တိုက်ခဲ့ ပြီးနောက် ယင်းနိုင်ငံတွင်ရှိနေသော တရုတ် နိုင်ငံသားများ ပြင်ပသို့ သွားလာ ခြင်းနှင့် လူထူထပ်သော နေရာများသို့ လည်ပတ်ခြင်းများမှ ရှောင်ရှားကြရန် တရုတ်အစိုးရက အကြံပြုခဲ့သည်။
ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုတွင် တိုက်ခိုက်သူအ ပါအ၀င် အနည်းဆုံး အခြားလူ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းမှာ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ် ဖြစ်သည်ဟု နှစ်နိုင်ငံအရာရှိများက ပြောသည်။
ကုလသမဂ္ဂ၊ သြဂုတ် ၃၀ ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတာရီးစ်သည် သြဂုတ် ၂၉ ရက်ကပြုလုပ်သော တတိယအကြိမ်ကောက်ယူသော စစ်တမ်းများအရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နေရာ၌ လူကြိုက်များနေဆဲဟု သိရှိရသည်။ ဂူတာရီးစ်သည် လုံခြုံရေးကောင်စီဝင် ၁၅ ဦး မဲတွင် ၁၁ မဲရရှိခဲ့ပြီး၊ ကန့်ကွက်မဲ သုံးမဲနှင့် ကြားနေမဲ တစ်မဲ တို့ရရှိခဲ့သည်ဟု သိရှိရသည်။


အိုင်အက်စ်၏ အဓိက မဟာဗျူဟာ စစ်ဆင်ရေးမှူးတစ်ဦး အနောက်အုပ်စု မဟာမိတ်များနှင့် တိုက်ပွဲဝင်ရင်း သေဆုံးသွားကြောင်း သိရသည်။
အိုင်အက်စ်ကို လိုလားသည့် မီဒီယာတစ်ခုဖြစ်သော Amaq သတင်းအေဂျင်စီက အဘူမူဟာမက် အယ်လ် အက်ဒ်နာနီသည် အေလက်ပိုတွင် သေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့သည်။ အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က အေလက်ပိုအနီးရှိ အယ်လ်ဘက်မြို့တွင် ပြုလုပ်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှုတစ်ခု၌ အက်ဒ်နာနီ သေဆုံး ခဲ့ခြင်းဟု ထုတ်ပြန်သည်။

Apple နည်းပညာကုမ္ပဏီက အိုင်ယာလန်နိုင်ငံကို ပေးဆောင်သင့်တဲ့ အခွန် ၁၄.၅ ဘီလီယံ ပြန်ပေးဆောင်ဖို့ ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ကြောင်း အမေရိကန်အစိုးရက တုံ့ပြန်လိုက်ပါတယ်။
ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အဆုံးသတ်မှာတော့ အမေရိကန်နိုင်ငံက အခွန်ပေးဆောင်သူတွေကို ထိခိုက်နစ်နာစေလိမ့်မယ်လို့ သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest က ပြောပါတယ်။

ဘရာဇီးသုတေသီတွေဟာ ဇီကာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားနိုင်တဲ့ ဆိုးကျိုးတစ်ခုကိုပါ ထပ်မံသိရှိခဲ့ကြပါတယ်။ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့မိခင်မှ မွေးဖွားလာတဲ့ ကလေးတွေမှာ အကြားအာရုံဆုံးရှုံးခြင်းနဲ့ပါ ကြုံတွေ့ရ နိုင်တယ်လို့ သိရပါတယ်။
ယခင်သုတေသနရလဒ်တွေမှာတော့ ဇီကာဟာ အမြင်အာရုံကိုပါ ထိခိုက်စေနိုင်သလို ဦးနှောက်ကိုပါ ပြင်းပြင်း ထန်ထန် ထိခိုက်စေနိုင်တယ်လို့လည်း သိရှိခဲ့ပြီးပါပြီ။ သိပ္ပံပညာရှင်တွေဟာ ဇီကာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရဖို့ ကြိုးစားနေကြဆဲပါပဲ။

နယူးဒေလီ သြဂုတ် ၃ဝ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် စီးပွားရေးဝန်ကြီး ပန်နီပရစ်ဇ်ကာ တို့သည် အင်္ဂါနေ့က အိန္ဒိယအစိုးရ နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး နှစ်ရက်တာ ဆွေးနွေးပွဲကိုစတင်ခဲ့ပြီး ကတ်ရှ်မီးယားဒေသနှင့်ပတ်သက်၍ ပါကစ္စတန်နှင့် ဆွေးနွေးပွဲများပြုလုပ်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကယ်ရီသည် နယူးဒေလီသို့ တနင်္လာနေ့ညက အမေရိကန်- အိန္ဒိယမဟာဗျူဟာ မြောက် နှစ်ပတ်လည်နေ့အတွက် ရောက်ရှိခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။