
တရုတ်တိုင်ပေဒေသတွင် အခက်ကြုံနေသော ပင်စင်လစာစနစ် ပြုပြင်ပြောင်းလဲရန် စီစဉ်ထားခြင်းကို အစိုးရ၀န်ထမ်း အများစု ပါဝင်သော လူပေါင်း တစ်သိန်းကျော်က စနေနေ့၌ လမ်း ပေါ်ထွက်၍ ကန့်ကွက်ဆန္ဒပြခဲ့ ကြသည်။
ယင်းဆန္ဒပြပွဲကြီးသည် မေ လအတွင်း အာဏာရပြီးနောက် လူကြိုက်များမှု သိသိသာသာကျ ဆင်းလာသော သမ္မတ ဆိုင်အင်း ၀မ်၏ အစိုးရသစ်အတွက် နောက်ဆုံးစိန်ခေါ်မှုတစ်ခုဖြစ်သည်။












