အမေရိကန်သမ္မတ Barack Obama က သူရာထူးက အနားမယူခင် သူတာဝန်ထမ်းဆောင်စဉ် အောင်မြင်ခဲ့တဲ့ အခြေအနေတွေနဲ့ တိုင်းပြည် ဘယ်ကို ဦးတည်သွားနေတယ်ဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရှေ့သီတင်း ပတ်အတွင်း နှုတ်ဆက်စကား ပြောကြားဖို့ စီစဉ်ထားပါတယ်။ Donald Trump ဟာ ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီး သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။













