
ဗလာဒီဗော့စတော့ စက်တင်ဘာ ၁၈
ရုရှားနိုင်ငံ၌ အောက်လွှတ်တော်နှင့် ဒေသန္တရရွေးကောက်ပွဲများကို စက်တင်ဘာ ၁၈ ရက်တွင် စတင်ကျင်းပကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။
အချိန်ဇုန် ၁၁ ဇုန်အထိ ပိုင်းခြားထားသော ရုရှားနိုင်ငံ၌ ပထမဆုံးဖွင့်လှစ်သော မဲရုံများမှာ နိုင်ငံအရှေ့စွန်းရှိ ကမ်ချတ်ကာ ကျွန်းဆွယ်၌ တည်ရှိသည်။












