
ဂျေရုစလင် စက်တင်ဘာ ၂၈
အစ္စရေးသမ္မတဟောင်းနှင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ရှီမွန်ပဲရက်စ်သည် လေဖြတ်ရောဂါဝေဒနာကို သီတင်း နှစ်ပတ်ကြာခံစားခဲ့ရပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း မိသားစုဆရာဝန်က ပြောကြားသည်။
အသက် ၉၃ နှစ်အရွယ် သမ္မတဟောင်းသည် ဒေသစံတော်ချိန် နံနက် ၃ နာရီတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သားမက်ဖြစ်သူ ရာဖီဝဲဒန်က ပြောသည်။









