အိန္ဒိယနိုင်ငံက လာမည့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အာကာသမစ်ရှင်တစ်ခုတည်းဖြင့် ဂြိုဟ်တု ၁၀၃ ခု လွှတ်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် အာကာသအေဂျင်စီက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံက လာမည့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အာကာသမစ်ရှင်တစ်ခုတည်းဖြင့် ဂြိုဟ်တု ၁၀၃ ခု လွှတ်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် အာကာသအေဂျင်စီက ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေသည် ဥရောပသမဂ္ဂသို့ သံကိုယ်စားလှယ်အဖြစ် အကြီးတန်းသံတမန် အဖွဲ့ဝင် တစ်ဦးအား ခန့်အပ်လိုက်ကြောင်း သိရသည်။ ဝန်ကြီးချုပ်ထရီဆာမေ၏ နည်းဗျူဟာများနှင့်ပတ်သက်၍ အာဏာ ပိုင်များအား စိတ်ပျက်စေခဲ့သည့် စာတစ်စောင်ကို ရေးသားကာနုတ်ထွက်သွားခဲ့သည့် သံအမတ်တစ်ဦး၏ နေရာ တွင် အစားထိုးရန် အဆိုပါပုဂ္ဂိုလ်အား ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်ရွေးကောက်ခံ သမ္မတလောင်း ဒေါ်နယ်လ်ထရန့် က ဂျပန်နိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ် ကာရိုလင်းကနေဒီ နေရာတွင် သူ၏နိုင်ငံရေး အသွင်ပြောင်းလဲရေး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဝီလီယံ ဟာဂျာတီအား အစားထိုးခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဝေးရောက် မူဆလင်ဘာသာရေးခေါင်းဆောင် Fethullah Gulen ရဲ့ နောက်လိုက်တွေကို တူရကီ အာဏာပိုင် တွေက လိုက်လံဖမ်းဆီးနေဆဲဖြစ်တာကြောင့် တိုင်းပြည်အတွင်းက အရေးပေါ် အခြေအနေကို လွှတ်တော်က နောက်ထပ် ၃ လ သက်တမ်း တိုးလိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာတော့ သမ္မတအိုဘားမား ပြဌာန်းခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေနဲ့ ပတ်သက်ပြီး ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ပါတီခေါင်းဆောင်တွေအကြားမှာ အငြင်းပွားနေပါတယ်။
ကမ္ဘာကြီးဟာ တကယ့်ကို အရေးကြီးပြီး ခက်ခဲတဲ့အချိန်ကာလတခုမှာရောက်နေပြီး နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုနဲ့သာ ကျော်လွှားနိုင်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် Antonio Guterres က ပြောလိုက် ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ် Antonio Guterres
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက ပြီးခဲ့သည့် ဇန်န၀ါရီ ၄ ရက်တွင် ယခင် လုံခြုံရေးဝန်ကြီးဟောင်းဖြစ်သူအား ဒုသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ ယင်ဝူမြို့မှ လန်ဒန်မြို့သို့ ကုန်စည်ရထားပို့ဆောင်ရေးဝန်ဆောင်မှုကို ပထမဆုံးအနေဖြင့် စတင် လိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရသည်။
ယင်ဝူမြို့သည် တရုတ်နိုင်ငံ ကျန်ကျန့်စီရင်စုရှိ ဈေးမြို့တော်တစ်ခုဖြစ်သည်။

တူရကီနိုင်ငံ၊ အီစတန်ဘူလ်မြို့ရှိ နိုက်ကလပ် တစ်ခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းမှာ ၎င်းတို့ လက်ချက်ဟု အိုင်အက်စ် စစ်သွေးကြွ အဖွဲ့က ကြေညာခဲ့သည်။ နှစ်သစ်ကူး အကြိုညက ရုပ်ဖျက်လာသည့် သေနတ်သမား တစ်ဦးက အီစတန်ဘူလ်ရှိ လူစည်ကားနေသော နိုက်ကလပ် တစ်ခုကို ရိုင်ဖယ်တစ်လက်ဖြင့် အလစ်အငိုက် စီးနင်းပစ်ခတ် တိုက်ခိုက်ခဲ့ရာ လူ ၃၉ ဦး သေဆုံး ခဲ့သည်။

အမေရိကန် ကမ်းခြေထိ ရောက်ရှိနိုင်သည့် တိုက်ချင်းပစ် ဒုံးကျည်များ တည်ဆောက်နိုင်တော့မည်ဆိုသည့် မြောက်ကိုရီးယား ကြေညာချက်ကို ဒေါ်နယ်လ်ထရမ့်က လှောင်ပြောင်လိုက်သည်။
