

အမေရိကန်သမ္မတ ထရမ့်က တရုတ်သမ္မတ ရှီဂျင်းပင်နဲ့ မနေ့က တွေ့ဆုံပွဲအပြီးမှာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံ လက်တွဲပူးပေါင်းမယ်ဆိုရင် ကမ္ဘာပေါ်ကပြဿနာအားလုံးကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။
၂ နိုင်ငံကုန်သွယ်ရေး မမျှမတဖြစ်နေတာနဲ့ ပတ်သက်လို့တော့ အတိတ်က လုပ်ဆောင်ခဲ့တာတွေအတွက် တရုတ်ပြည်ကို အပြစ်တင်မနေတော့ပါဘူးလို့ ပြောကြားရင်း မြန်မြန်ဆန်ဆန် ပြင်ဆင်လုပ်ကိုင်ဖို့ တိုက်တွန်းခဲ့ ပါတယ်။









