
မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ် အားတွေ့ ရစဉ်
ပြုံယမ်း ၊ ဖေဖော်ဝါရီ ၂၆ (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံအား ရေကြောင်းပိတ်ဆိုမှုနှင့် အခြားအရေးယူမှု အသစ်များ ချမှတ်သွားမည့်အကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းအပေါ် အမေရိကန် နိုင်ငံအား “ ကိုယ်ပိုင်နည်းလမ်းဖြင့် တန်ပြန်တုံ့ပြန်မှု” ပြုလုပ်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီ ၂၅ ရက်တွင် သတိပေး ပြောကြားလိုက်သည်။








