
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းနှင့် ဆွေးနွေးသွား ချင်သလို လာမည့် ဖေဖေါ်ဝါရီလတွင် တောင်ကိုရီးယား၌ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်အတွက်လည်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ တွေ့ဆုံဆွေးနွေးမှု ကောင်းမွန်စွာဖြစ်ပေါ်လာဖို့ မျှော်လင့်ကြောင်း စနေနေ့က ပြောဆိုခဲ့သည်။









