
အစိုးရက စက်သုံးဆီတင်သွင်းသူများကို ကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးမည်ဟု ကြောညာပြီးနောက် တစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်း ၂၅၀၀ ကျော်ပြန်လည်ဖြစ်လာကြောင်း သိရသည်။
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်မှုကော်မတီက စက်တင်ဘာလ (၆) ရက် ရန်ကုန်အထိုင်ဈေးကွက်အတွက် ရည်ညွှန်းသတ်မှတ်သည့် စက်သုံးဆီ ဈေးနှုန်းများမှာ (92) တစ်လီတာလျင် ၂၄၂၅ ကျပ်၊ (95) တစ်လီတာလျင် ၂၅၃၅ ကျပ်၊ (97) တစ်လီတာလျင် ၃၁၁၀ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျင် ၃၁၉၅ ကျပ်ဖြစ်ကြောင်း သိရသည်။








