
ရန်ကုန်၊ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးလူငယ်ရေးရာတာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်မိုးမိုးအိ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်ပါတီဝင်များ တက်ရောက်ကြသည်။









